တရုတ်မှာရေပန်းစားနေတဲ့ ဟန်ဆောင်ချစ်သူ ငှားရမ်းတဲ့ application

A page of a date-hiring app "Hire Me Plz", which says "rent now for 999 yuan an hour", is shown in this picture illustration in Beijing, China, January 26, 2017. REUTERS/Damir Sagolj/Illustration - RTSXGRA

‘Hire Me Plz’ အမည်ရ တရုတ် application ဟာ ချစ်သူမရှိသူတွေအတွက် ပြုလုပ်ထားပေးတာဖြစ်ပါတယ်။ မိသားစုကိစ္စ၊ လူမှုရေးကိစ္စနှင့် စိတ်ပျော်ရွှင်မှုအတွက် အသုံးပြုလေ့ရှိကြပါတယ်။ အသုံးပြုသူတွေဟာ app ကနေ ချစ်သူကောင်လေး/ ချစ်သူကောင်မလေး ငှားရမ်းနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီ app ဟာ မကြာသေးခင်က တရုတ်နှစ်သစ်ကူးပိတ်ရက်တွေမှာ အသုံးပြုသူ ၁၀၀၀ ကျော်ဦးရေက ငှားရမ်းနိုင်ကြောင်း စာရင်းသွင်းခဲ့ပြီး အသုံးပြုသူများပြားခဲ့ပါတယ်။

ဟန်ဆောင်ချစ်သူငှားရမ်းရာမှာ အတူစားသောက်ခြင်း၊ ကြည်ကြည်နူးနူး စကားပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းတို့စတဲ့ အမျိုးမျိုးရှိပြီး ၁ နာရီကို တရုတ်ငွေ ၁ ယွမ်ကစလို့ ၁၉၉၉ ယွမ်အထိ အစားစားရှိပါတယ်။

ဟန်ဆောင်ချစ်သူဝန်ဆောင်မှုပေးတဲ့ အသက် ၂၆ နှစ်အရွယ် မိန်းကလေးတစ်ဦးက တစ်နေ့ကို ယွမ် ၃၀၀၀ ကနေ ယွမ် ၁၀၀၀၀ အထိရရှိတယ်လို့ ဆိုပါတယ်။ တရုတ်နှစ်သစ်ကူးလို ပိတ်ရက်တွေမှာ ဈေးပိုတောင်းတယ်လို့ သူမကပြောပြခဲ့ပါတယ်။

အထူးသဖြင့် လူငယ်တွေကြောင့် ဒီလို app မျိုးတွေဟာ နောက်ပိုင်းမှာ ကောင်းမွန်တဲ့ စီးပွားရေးအလားအလာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*