ကင်မရာ လေးလုံးတပ် Huawei Honor 9 Youth Edition ကို ၂၁ ရက်နေ့မှာ မိတ်ဆက်မည်

Huawei ရဲ့ Sub-Brand တစ်ခုဖြစ်တဲ့ Honor က လာမယ့်တစ်ပတ်မှာ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက တရုတ် လူမှုကွန်ရက် Weiboမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် Honor 9 Youth Edition ကို မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။

Huawei Honor 9 Youth Edition ကို တရုတ် ဆက်သွယ်ရေး ကော်မရှင်TENAA မှာ မှတ်ပုံတင်ထားပြီးပါပြီ။ သတင်းများအရ သူ့မှာ Huawei က ထုတ်လုပ်တဲ့ Kirin 659 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ ၅.၆၅ လက်မ မျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပြီး Screen Resolution မှာ 2160×1080 Pixel ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး 3GB RAM/ 32GB Internal Storage နဲ့ 4GB RAM/ 64GB Internal Storage များ ဖြစ်ကြပါတယ်။

အနောက်ဘက်နဲ့ အရှေ့ဘက်မှာ 13MP+20MP Camera များ တပ်ဆင်ထားတဲ့အတွက် စုစုပေါင်း ကင်မရာ လေးလုံး ပါရှိပါတယ်။ ဘက်ထရီကတော့ 2900mAh ဖြစ်ပါတယ်။ Android 8.0 Oreo ထည့်သွင်းထားပါတယ်။

သူ့ရဲ့ ခန့်မှန်းရောင်းဈေးများကို ဖော်ပြရရင် တရုတ်မှာ 3GB RAM Model ကို ယွမ် ၁၂၉၉ ($195)သတ်မှတ်ထားပြီး၊ 4GB RAM Model ကိုတော့ ယွမ် ၁၅၉၉($240) ရောင်းချပေးမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*