အိမ်ထောင်ပြုမယ်ဆို ဒီလိုရာသီဖွား အမျိုးသားတွေကိုရွေး

Gemini (မေထုန် ရာသီဖွား) မေ ၂၁ ရက် မှ ဇွန် ၂၀

ဒီရာသီဖွားယောက်ျားလေးတွေက ချစ်ဖို့ကောင်းတယ်။ ရယ်ရတယ်။ သူတို့က သင့်ကို အမြဲဦးစားပေးပြီး ပေးဆပ်မယ့်သူတွေပေါ့။ ဆက်ဆံရေးကောင်းပြီးတော့ အံ့သြစရာကောင်းတဲ့ယောက်ျားတွေပါ။

Cancer (ကရကဋ် ရာသီဖွား) ဇွန်၂၁ ရက်မှဇူလိုင်၂၀

ဒီရာသီဖွားတွေကတော့ စိတ်ဓါတ်မာပြီး မိသားစုတစ်စုလုံးအားကိုးလို့ရတဲ့သူတွေပါ။ အကောင်းဆုံးအဖေတွေဖြစ်ကြပြီး မိသားစုကို အရာအားလုံးထက်ပိုပြီးတန်ဖိုးထားတတ်တယ်။ ဒီရာသီဖွားကိုသာ ယောက်ျားတော်ထားရလို့ကတော့

ဘေးအန္တရာယ်​တိုင်းက လုံခြုံပြီလို့သာမှတ်လိုက်တော့။

Libra (တူရာသီဖွား) စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂

ဒီရာသီဖွားတွေကတော့ သင်ပျော်ရွှင်ဖို့အတွက်အရာအားလုံးကိုလုပ်မယ့်သူတွေပါ။ အချိန်တွေကြာလာရင်တောင် သင့်ကိုရိုးအီသွားမှာမဟုတ်ဘဲ စတွေ့တုန်းကလိုချစ်နေမြဲချစ်နေမှာပါ။

Scorpio (ဗြိစ္ဆာ ရာသီဖွား) အောက်တိုဘာ ၂၃ ရက် မှ နိုဝင်ဘာ ၂၂

သူတို့တွေကတော့ သင့်ကိုအမြဲ တလေးတစားဆက်ဆံမယ့်သူတွေပါ။ သင့်ကိုယ်ရေးကိုယ်သာကိစ္စတွေကိုလည်း သိပ်ပြီးဝင်စွက်ဖက်မှာမဟုတ်ဘူး။ ဒီရာသီဖွားကို ယောက်ျားတော်ထားရရင်တော့ အကောင်းဆုံးပဲပေါ့။

Aquarius (ကုမ် ရာသီဖွား) ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈

သူတို့တွေကတော့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လိုဆက်ဆံပေးမယ့်သူတွေပါ။ သင်သူ့ကို ကိစ္စတိုင်းကိုတိုင်ပင်လို့ရမယ်။ သူကလည်း သင့်အတွေးအမြင်တွေကိုလေးစားမယ်… ကဲ ဘယ်လောက်မိုက်လဲ။

လင်း(ရွှေအင်းလေး)