အသက် ၂၅နှစ်ဝန်းကျင်များအတွက် အရပ်ရှည်အောင်ပြုလုပ်နည်း

အသက် ၂၅နှစ်ဝန်းကျင်လောက်ဆိုရင် အရပ်ရှည်ဖို့ မလွယ်ကူတော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ လူတစ်ယောက်ရဲ့ အရပ်ရှည်ခြင်းဟာ အသက်အရွယ်အပိုင်းအခြား တစ်ခုရောက်သွားတာနဲ့ ရပ်တန့်သွားပါတယ်။ မိန်းကလေးတွေအနေနဲ့ အသက် ၁၈နှစ်ပြည့်ရင် အရပ်ရှည်တာရပ်တန့်သွားပြီး ယောက်ျားလေးတွေကျတော့ အသက် ၂၄ကျော်ရင် အရပ်ထပ်ရှည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယေဘူယျအားဖြင့် သတ်မှတ်ထားလို့ပါပဲ။ ဒီလိုဖြစ်ရတဲ့အဓိက အကြောင်းအရင်းကတော့ ဟော်မုန်းကြောင့်ပါပဲ။ ကြီးထွား ဖွံ့ဖြိုးစေတဲ့ ဟော်မုန်းဓာတ်များက အသက်အရွယ်အပိုင်းအခြား တစ်ခုကို ရောက်ပြီဆိုတာနဲ့ ထုတ်လွှတ်မှုတွေ နှေးကွေးသွားပါတယ်။ ဒါပေမယ့် လျင်မြန်စွာ ကြီးထွား ဖွံ့ဖြိုးစေတဲ့ ဟော်မုန်းထုတ်လွှတ်မှု အားကောင်းအောင် ပြုလုပ်ပေးမယ်ဆိုရင်တော့ အရပ်ရှည်ဖို့ အလားအလာရှိပါသေးတယ်။ ဒါ့ကြောင့်မို့လို့ အသက် ၂၅နှစ်ဝန်းကျင်တွေအတွက် အရပ်ပြန်ထွက်လာစေဖို့ ဘာတွေပြုလုပ်ရမလဲဆိုတာကို ပြောပြချင်ပါတယ်။

(၁) အာဟာရပြည့်ဝမှုရှိနေပါစေ

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးဖို့ လိုပါတယ်။ အရပ်ရှည်စေပြီး ကြီးထွားဖွံ့ဖြိုးစေတဲ့ ဗီတာမင်ဓာတ်များနဲ့ သတ္ထုဓာတ်များ၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအသောက်များကို ကို ပုံမှန်စားသုံးပေးပါ။ ပြည့်ဝဆီပါဝင်တဲ့ အစားအသောက်များက ခန္ဓာကိုယ်အတွက် အာဟာရစုပ်ယူမှုကို အနှောင့်အယှက်ပေးတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့်မို့လို့ မုန်လာဥနီ၊ ကြက်ဥ၊ အမဲသား၊ ငါး၊ အားလူး၊ ပဲအမျိုးမျိုး၊ သစ်သီးများ၊ နို့ထွက်ပစ္စည်းများနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အရိုးနဲ့ ကြွက်သားတစ်ရှူးတွေကို သန်မာစေတဲ့အတွက် အရပ်ရှည်လာဖို့များစွာ အထောက်အကူပြုပါတယ်။

(၂) နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ

နေရောင်ခြည်နဲ့ ထိတွေ့ပေးပါလို့ ဆိုရာမှာ နံနက်ခင်းနေရောင်ခြည်ကို ပြောတာပါ။ နေရောင်ခြည် ဟာလည်း ဗီတာမင်ဓာတ် ပါဝင်တဲ့ အရင်းအမြစ်တစ်မျိုးပါပဲ။ ဗီတာမင်ဒီဟာ အရိုးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့အတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်များကို ရရှိစေပါတယ်။ ဒါ့ကြောင့် မနက်စောစောမှာ မိနစ် ၂၀ခန့် နေပူဆာလှုံပေးပါ။

(၃) လေ့ကျင့်ခန်းပြုလုပ်ပါ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတဲ့ ဆဲလ်များကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို နေ့စဉ်မပြတ်ပုံမှန် ပြုလုပ်ပေးပါ။ အထူးသဖြင့် ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ အားကစားတွေက အရပ်ရှည်ဖို့ အကူအညီပေးပါတယ်။

(၄) ယောဂကျင့်ပါ

ယောဂကျင့်တဲ့အခါမှာ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေက ပုံမှန်ဖြစ်စေပြီး ကြွက်သားများ ဆန့်ခြင်း၊ ကွေးညွတ်ခြင်း စတာတွေကို ပြုလုပ်ရတဲ့အတွက် အရိုးများဖွံ့ဖြိုးကြီးထွားလာစေပါတယ်။ အမျိုးမျိုးသော ယောဂကျင့်စဉ်များကို ခန္ဓာကိုယ်ကိုယ်နေဟန်ထားကို ထိန်းသိမ်းပေးရုံသာမက ကြီးထွားမှု ဟော်မုန်းများကို နှိုးဆွပေးတဲ့အတွက် ယောဂကျင့်ပါလို့ အကြံပြုချင်ပါတယ်။

(၅) ပုံမှန်အိပ်စက်အနားယူပါ

အိပ်စက်အနားယူချိန်မှာ ခန္ဓာကိုယ်တွင်းက ကြီးထွားစေတဲ့ ဟော်မုန်းဓာတ်များ လုပ်ဆောင်မှုကို အားပေးတဲ့အတွက် အိပ်ရေးဝဝအိပ်စက်ခြင်းကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အနေအထားနဲ့ အိပ်စက်တတ်ဖို့လည်း လိုပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ့် အစားအသောက်များကို စားသုံးပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မှ အိပ်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပါ။ ဒါမှလည်း ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*