Latest post

အရပ်လည်းရှည်စေပြီး ခန္ဓာကိုယ်သွယ်လျလှပစေမယ့် သဘာဝနည်းလမ်းကောင်း

ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းလေ့ရှိတဲ့ ကိုကို၊ မမတို့ရေ … ဒီတစ်ခါမှာတော့ အရပ်လည်း ရှည်စေပြီး ဝိတ်လည်းကျစေမယ့် နည်းလမ်းကောင်းလေးကို ပြောပြချင်ပါတယ်။ အရပ်လည်း ထွက်လာ စေတဲ့အပြင် ခန္ဓာကိုယ်ကလည်း သွယ်လျလှပအုံးမှာဆိုတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် နည်းလမ်း ကောင်းလေးပါပဲနော်။

(၁) ရေကူးပါ

ရေကူးတာက ဝိတ်လည်းကျစေသလို၊ အရပ်ရှည်စေတဲ့ နည်းလမ်းကောင်းတစ်ရပ်ပါပဲ။ ရေကူးတဲ့ အခါမှာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အကြော၊ ကြွက်သားတွေအားလုံး အလုပ်လုပ်ရတဲ့အတွက် အရပ် ထွက်လာစေတဲ့အပြင် ခန္ဓာကိုယ်တွင်းက အဆီပိုများကို လောင်ကျွမ်းစေနိုင်တဲ့အတွက်လည်း ဝိတ်ကျစေပါတယ်။

(၂) ကိုယ်နေဟန်ထား

ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုလည်း ဂရုတစိုက်ထားရှိဖို့ လိုပါတယ်။ ထိုင်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်နေဟန်ထားကို မတ်မတ်ထားပါ။ ခန္ဓာကိုယ်က ကုန်းကုန်းကြီးဖြစ်နေမယ်ဆိုရင် လက်ပြင်ကုန်းပြီး အရပ်ထွက်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် ထိုင်တဲ့အခါမှာ ခါးမတ်မတ်မရှိဘူးဆိုရင် ဝမ်းဗိုက်အဆီပိုတွေ ထွက်လာပြီး ဗိုက်ဆူတာ၊ ခါးတုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်နေဟန်ထားကို အကောင်းဆုံး ဖြစ်နေအောင် သတိထားဖို့ လိုပါတယ်။

(၃) အေရိုးဘစ်ကစားပါ

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေး ပြုလုပ်ပြီးတော့လည်း ဝိတ်လည်းကျ၊ အရပ်လည်း ထွက်စေနိုင် ပါတယ်။ အေရိုးဘစ်ကစားတာက သီချင်းသံ၊ စည်းချက်နဲ့အညီ ခန္ဓာကိုယ်လှုပ်ရှားရတဲ့အတွက် စိတ်ကိုပျော်ရွှင်တက်ကြွစေပြီး စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။ စိတ်ဖိစီးမှုများတာကလည်း ခန္ဓာကိုယ်အလေးချိန် တိုးလာတတ်တယ်မဟုတ်ပါလား။ ဒါ့ကြောင့် အေရိုးဘစ်ကစားခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့နိုင်တဲ့အပြင် ခန္ဓာကိုယ်သွယ်လျလှပဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနိုင်ပါတယ်။

(၄) စက်ဘီးစီးပါ

စက်ဘီးစီးတာကလည်း ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို လောင်ကျွမ်းစေနိုင်သလို၊ ကြွက်သားများ ကို ဆွဲဆန့်ပေးတာကြောင့် အရပ်ရှည်လာနိုင်ပါတယ်။ စက်ဘီးစီးခြင်းက ဝိတ်ကျလိုတဲ့သူနဲ့ အရပ် ရှည်ချင်တဲ့သူတွေ အတွက်တော့ အသင့်တော်ဆုံး လေ့ကျင့်ခန်းပါပဲ။

(၅) အကြောဆန့်လေ့ကျင့်ခန်းလုပ်ပါ

ခန္ဓာကိုယ်က အကြော၊ ကြွက်သားတွေကို ဆွဲဆန့်ရတဲ့ လေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။ ပုံမှာပြထားတဲ့ အတိုင်း ခြေဖဝါးကို လှမ်းကိုင်ပြီး အကြောဆန့်တဲ့လေ့ကျင့်ခန်းမျိုး ပြုလုပ်ပေးပါ။ ကျောရိုး၊ ခါးရိုးနဲ့ ခါးအောက်ပိုင်းက အဆီတွေ လောင်ကျွမ်းစေနိုင်တဲ့အပြင် ကိုယ်နေဟန်ထားကို ပုံမှန်ဖြစ်စေတဲ့အတွက် အရပ်ထွက်လာဖို့ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*