ပျိုမေတို့ အသဲစွဲ မော်ဒယ်လ် သရုပ်ဆောင် ထူးအောင်

မြင့်မားတဲ့အရပ်အမောင်း ခန္ဓာကိုယ်တောင့်တင်းပြီး ယောကျာင်္းပီသတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ မော်ဒယ်လ် သရုပ်ဆောင်ထူးအောင်ဟာ ငယ်စဉ်က ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်လို နေခဲ့ပြီး အထက်တန်းကျောင်းသားဘ၀တုန်းမှာ ချစ်ရတဲ့ အချစ်ဦး ရှိခဲ့ဖူးပါတယ်လို့ ပြောခဲ့ပါတယ်။ ငယ်စဉ်အမှတ်တရအနေနဲ့ကတော့ အချစ်ဦးကောင်မလေးကြောင့် ရန်တောင်ဖြစ်ဖူးခဲ့တယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ သူငယ်ချင်းအဖြစ်နဲ့ပဲရှိနေကြပြီး ထူးအောင်က လက်ရှိမှာတော့ ချစ်သူမရှိသေးပါဘူးလို့ ပြောပါတယ်။

Image may contain: 1 person, standing and indoor

Image may contain: 1 person, standing, ocean and sunglasses

Image may contain: 1 person, smiling, standing, sunglasses and outdoor

Image may contain: 1 person

Image may contain: 1 person, sitting

အင်ဂျင်နီယာတက္ကသိုလ်ကျောင်းသားအဖြစ် ကျောင်းတတ်လာရင်းနဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲကို ၀င်ပြိုင်ရင်း မော်ဒယ်လ်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်

မောင်နှမ ၂ယောက်ဖြစ်ကာ အမတစ်ယောက်သာ ရှိပြီး ကိုရီးယားနိုင်ငံမှာ စာသင်နေတယ်လိုပြောပါတယ် သူရဲ့ စိတ်ကူးတစ်ခုကတော့ မိသားစု စုံစုံညီညီနဲ့ ခရီးတစ်ခု အမှတ်တရအဖြစ်သွားချင်ပါတယ်လို့ ဆိုပါတယ်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရှင်သန်နေမှုမှာ တချို့သော ပရိတ်သတ်တွေရဲ့ အပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါသော်လည်း ဒါတွေကို နားလည်ပြီး စိတ်မဆိုးပါဘူး လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့တာကိုလည်း တွေ့ရပါတယ်။

Image may contain: 2 people, people standing and sunglasses

Image may contain: 1 person, text

Image may contain: 1 person, sitting, shoes and outdoor

Image may contain: 1 person, standing

Image may contain: 1 person, standing

“စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဆိုတဲ့ ဇာတ်ကားမှာ တပ်ကြပ်ကျော်ဇ အဖြစ် သရုပ်ဆောင် အိချောပို တိုနဲ့အတူ ရိုက်ကူးထားပါတယ်။ ပျိုမေတိုင်း သဘောကျတဲ့ သူရဲ့ အမိုက်စား body ပုံစံတွေနဲ့ လူမှုကွန်ယက်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ ၀န်ရံခြင်းကို ခံထားရပြီး လက်ရှိမှာတော့ မော်ဒယ်လ်ပိုင်းမှာကော သရုပ်ဆောင်ပိုင်းမှာကော အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

Image may contain: 1 person, standing, sunglasses and outdoor

Image may contain: 1 person, standing, smoking and sunglasses

Image may contain: 1 person, smiling, sitting

Source: Htoo Aung’s fb

KM (ShweInnLay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*