Huawei MediaPad M3 2017 ဖြင့် ကစားခဲ့ကြသည့် မြန်မာနိုင်ငံ၏ ပထမဆုံး Mobile Legend ဂိမ်း ပြိုင်ပွဲ

မြန်မာနိုင်ငံ၏ ပထမဆုံး Mobile Lengend ဂိမ်း ပြိုင်ပွဲကို ရန်ကုန်မြို့၊ Junction Square ၌ Huawei မှ ကျင်းပပြုလုပ်ခဲ့သည်။ ဂိမ်းပြိုင်ပွဲတွင် ပါဝင်သော ပြိုင်ပွဲဝင်များက Huawei MediaPad M3 2017 ကို အသုံးပြုကာ ဆော့ကစားခဲ့ကြပြီး တစ်ဖွဲ့လျှင် ငါးဦးကျ ပါဝင်ကစားခဲ့ကြသည်။

ဤဂိမ်းပြိုင်ပွဲကို စာရင်းပေးသွင်းခဲ့သူများစွာ ရှိသည့်အနက် ပထမဦးဆုံးစာရင်းပေးသွင်းသည့် အဖွဲ့ ၃၂ ဖွဲ့ ကိုသာ ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကာ ထို ၃၂ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။  ပထမဆုရရှိသောအဖွဲ့ကို HUAWEI ESPORTS GAMING CHALLENGE ဖလား၊ HUAWEI ESPORTS GAMING CHALLENGE ဆုတံဆိပ်  နှင့် Huawei MediaPad M3 2017 (၅) လုံး၊ ဒုတိယဆုရရှိသော အဖွဲ့ကို 2nd HUAWEI ESPORTS GAMING CHALLENGE ဆုတံဆိပ်နှင့် Y5 2017 (၅) လုံး၊ တတိယဆုရရှိသော အဖွဲ့ကို 3rd HUAWEI ESPORTS GAMING CHALLENGE ဆုတံဆိပ်နှင့် Huawei Color Band A1 (၅)ခုနှင့် စတုတ္ထဆုရရှိသော အဖွဲ့ကို 4th HUAWEI ESPORTS GAMING CHALLENGE ဆုတံဆိပ်ဆုနှင့် Huawei Color Band A1 (၅)ခုတို့ကို အသီးသီး ချီးမြှင့်ခဲ့သည်။

ပထမဆု ရရှိသော TA2 အဖွဲ့၏ ခေါင်းဆောင် ကိုဝေယံမြင့်မှ ယှဉ်ပြိုင်မှုနှင့် ပတ်သက်ပြီး “ဒီပြိုင်ပွဲကို ကျွန်တော့် အဖွဲ့နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဒီပြိုင်ပွဲအစီအစဉ်ရော၊ ဆုကြေးတွေရောက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းခဲ့တာပါ။ ပြိုင်နေတဲ့အချိန်မှာလည်း အရမ်းစိတ်လှုပ်ရှားပါတယ်။ ကျွန်တော်တို့အနေနဲ့ Winner ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့လာပြိုင်တာဖြစ်ပါတယ်။ အခုလိုမျိုးပြိုင်ပွဲတွေကို စီစဉ်ပေးတဲ့ Huawei ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုပွဲမျိုးတွေ ထပ်ပြီးလုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် MediaPad M3 2017 အသုံးပြုမှုအတွေ့အကြုံနှင့် ပတ်သက်ပြီး “ပြီးတော့ Huawei MediaPad M3 2017 နဲ့ ဆော့ရတာဖြစ်တဲ့အတွက် တကယ် သဘောကျပါတယ်။ မျက်နှာပြင်လည်းကြီးတယ်။ စက် run တာတွေလည်းသွက်တယ်။ တကယ်စိတ်ကျေနပ်ဖို့ကောင်းပါတယ်။ ဒီ MediaPad က ဒီလောက်သွက်သွက် လုပ်ဆောင်နိုင်တယ်ဆိုတာ မယုံနိုင်အောင်ပါပဲ။” ဟုလည်း ထပ်မံပြောကြားခဲ့ပါသည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “အခုဆိုရင် Gamer တော်တော်များများက ကွန်ပြူတာတွေနဲ့ မဆော့တော့ဘဲ မိုလ်ဘိုင်းဖုန်းတွေနဲ့ပဲ ဆော့လာကြပါပြီ။ ဒီ Mobile Legend ဂိမ်းကလည်း မြန်မာနိုင်ငံမှာသာမကဘဲ တစ်ကမ္ဘာလုံးမှာလည်း ခေတ်စားနေတယ်။ ကျွန်မတို့ နောက်ဆုံးတင်သွင်းထားတဲ့ MediaPad M3 2017 နဲ့ T3 10” တို့ကလည်း လူငယ်တွေအတွက်ကို ရယ်ရွယ်တယ်။ အဲ့ဒါကြောင့် ကျွန်မတို့ Huawei အနေနဲ့ ဒီလိုပြိုင်ပွဲလေးတွေ စီစဉ်ပေးပြီးတော့ မြန်မာချန်ပီယံတွေ ထွက်ပေါ်လာအောင်၊ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဒီ MediaPads တွေက မျက်နှာပြင်ကြီးကြီး၊ လုပ်ဆောင်ချက်ကောင်းကောင်းနဲ့ဆိုတော့ အခု ပြိုင်ပွဲဝင်လေးတွေ သဘောကျကြတာကိုတွေ့ရတဲ့အတွက် ကျေနပ်မိပါတယ်။ နောက်ဒီလိုပွဲမျိုးလေးတွေ ထပ်လုပ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ထပ်လုပ်ပေးသွားပါဦးမယ်။” ဟု ပြောကြားခဲ့ပါသည်။

ယခုပွဲတွင် Coca-Cola ကုမ္ပဏီမှလည်း ပြိုင်ပွဲတွင် တရားဝင်အချိုရည်စပွန်ဆာအဖြစ် ပါဝင်ခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် လာရောက်အားပေးသူများအတွက် Minute Maid Pulpy လိမ္မော်ရည်များကို ပံ့ပိုးကူညီပေးခဲ့သည်။

Shweinnlay

Be the first to comment

Leave a Reply

Your email address will not be published.


*