18:9 Screen နဲ့ Dual ကင်မရာတပ်ဆင်ထားတဲ့ Huawei Honor 7X ကို စတင်ရောင်းချ

အောက်တိုဘာလအတွင်းက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး တရုတ်မှာ အခြေခံမော်ဒယ်ကို ဒေါ်လာ ၂၀၀ ဖြင့်သာ ရောင်းချပေးထားပါတယ်။

Honor 7X မှာ ၅.၉၃ လက်မ 1080x2160p IPS Touchscreen တပ်ဆင်ထားပါတယ်။ Huawei Kirin 659 Chipset မောင်းနှင်မှာ ဖြစ်ပြီး 2.36GHz Octa-Core Cortex-A53 CPU ပါပါတယ်။ 4GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ နှစ်လုံးပါပြီး 16MP+2MP တို့ ဖြစ်ပါတယ်။ အနောက်ဘက်မှာ LED Flash လည်း ပါပါတယ်။ အရှေ့ဘက်မှာ 8MP Selfie Camera တပ်ဆင်ထားပါတယ်။ 3340mAh Battery ပါပါတယ်။ Android 7.0 Nougat ကို Huawie EMUI 5.1 နဲ့ ပေါင်းစပ်ထားပါတယ်။

Huawei က Honor 7X ကို အမေရိကန် ၊ ဗြိတိန် အပါအ၀င် အခြားနိုင်ငံများမှာ ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ ရောင်းချမယ့် အခြားနိုင်ငံများရဲ့ သတင်းအချက်အလက်များကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ လန်ဒန်တွင် ကျင်းပမယ့် စမတ်ဖုန်း မိတ်ဆက်ပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း မိတ်ဆက်ပွဲမှာ Honor 7X လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*