Huawei Myanmar က လေယာဉ် ပျက်ကျမှုတွင် ပါဝင်ခဲ့သူများ၏ မိသားစုများသို့ ကျပ် သိန်းတစ်ထောင် လှူဒါန်း

ရန်ကုန်၊ မြန်မာ (၂၇ ဇွန်၊ ၂၀၁၇) – Huawei ၏ လျာထားချက်အတိုင်း “Care Myanmar” အများအကျိုးပြု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် Huawei Myanmar သည် ဇွန်လ အစောပိုင်းတွင် ဖြစ်ပွားခဲ့သော Y-8 တပ်မတော် ပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သူများ၏ မိသားစုများအတွက် ငွေကျပ် သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ လူမှုအဖွဲ့အစည်းများကို ပံ့ပိုးကူညီလိုသည်မှာ Huawei Myanmar ၏ ဆန္ဒဖြစ်ပြီး “Care Myanmar” သည် မြန်မာပြည်သူများ လိုအပ်ချက်ပေါ်မူတည်၍ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။

“ကျွန်တော်တို့ ဒီသတင်းကို ကြားတဲ့အချိန်မှာ နိုင်ငံသားကောင်းများအတွက် အရမ်းကို စိတ်ပူမိပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ စိတ်အစဉ်ကလည်း ဒီအဖြစ်အပျက်ကြောင့် စိတ်ခံစားနေရသူတွေ၊ သူတို့ချစ်ခင်ရသူတွေ ဆုံးရှုံးရတဲ့ မိသားစုတွေဆီကို ရောက်ရှိသွားပါတယ်။ Huawei အနေနဲ့ ဒီလို ခံစားနေရတဲ့သူတွေကို ကူညီချင်တယ်။ ပြီးတော့ ကျွန်တော်တို့တွေရဲ့ လှုဒါန်းမှုက အခုလို ခက်ခဲတဲ့အချိန်ကာလကို ကျော်ဖြတ်ဖို့ လုပ်ဆောင်နေသူတွေကို ကူညီတဲ့နေရာမှာ သေးငယ်အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Huawei Myanmar ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ Zhang Liman က ပြောကြားသည်။ ထို့အပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံကလည်း လေယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သူများ၏ မိသားစုများသို့ ယခုကဲ့သို့ လှုဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး Huawei Myanmar ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

Huawei သည် တာဝန်သိ၊ လူမှုစိတ်ဓာတ်ရှိရှိဖြင့် ‘Huawei, Care Myanmar’ အမည်ရ အဆိုပါ လူထုအကျိုးပြု အစီအစဉ်တစ်ရပ်ကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် မိုးရာသီကာလအတွင်းတွင် Huawei Myanmar သည် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့ ကျပ်သိန်း၂၇၀ ဖိုးစီ ညီတူညီမျှ လှုဒါန်းမှုများလည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် တာဝန်သိတတ်သော နိုင်ငံသားတစ်ဦးအနေဖြင့် လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း၌လည်း Huawei Myanmar က ၂၀၁၆ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခါခဲ့သော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်း အမွေအနှစ်ဒေသများ ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀၀ နှင့်ညီမျှသော အထောက်အပံ့၊ အကူအညီများကို လည်းကောင်း၊ ၂၀၁၆ သီတင်းကျွတ်လတွင် မိဘမဲ့ကလေးကျောင်း နှင့် ဘိုးဘွားရိပ်သာ (၆)ခုသို့ မြန်မာ ကျပ်ငွေသိန်း (၁၃၀၀) နှင့် ညီမျှသော နေ့စဉ်အသုံးအဆောင် နှင့် ဆေးဝါးများကိုလည်းကောင်း၊ ၂၀၁၅ခုနှစ်က ဖြစ်ပွားခဲ့သော ရေကြီးမှုအတွက် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ နှင့် ထောက်ပံ့ကယ်ဆယ်ရေးအိတ်များ  ၁၀၀၀ ခန့်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*