Face Unlock လုပ်ဆောင်ချက် ပါဝင်လာဖွယ်ရှိတဲ့ HUAWEI nova 2i

ယနေ့ထွက်ပေါ်နေတဲ့ စမတ်ဖုန်းအများစုဟာ ဖုန်းကို lock ပြုလုပ်နိုင်မယ့်နည်းလမ်းပေါင်းများစွာကို ထည့်သွင်းလာကြပါတယ်။ ဟိုးအရင်တုန်းကဆိုရင်တော့ စမတ်ဖုန်းတွေကို lock ပြုလုပ်တဲ့အခါမှာ ဖုန်းမှာထည့်  သွင်းပေးထားတဲ့ ပုံမှန်နည်းလမ်းလေးတွေကိုသာ အသုံးပြုကြပါတယ်။ သို့ပေမယ့် အဲ့ဒီနည်းလမ်းတွေဟာ အရမ်းကိုရိုးရှင်းလွန်တဲ့ android ဖုန်းတွေမှာဆိုရင်တော့ သုံးစွဲသူသတ်မှတ်ထားတဲ့ PIN ဒါမှမဟုတ် Pattern ကို မေ့လျော့သွားတဲ့ အဖြစ်အပျက်များစွာ တွေ့မြင်နေရပါတယ်။ Password တွေဟာထင်ထားသလောက် အလုပ်မဖြစ်တော့ပါဘူး။

ဒါကြောင့်ဒီနေ့ခေတ်မှာ  မျက်နှာပြင်နဲ့သော့ခတ်နိုင်မယ့် စနစ်ကို ဖုန်းတွေမှာ ထည့်သွင်းလာကြပါတယ်။ ဒီနည်းလမ်းဟာ သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချရတဲ့အပြင် မိမိဖုန်းကို unlock ပြုလုပ်ရတာလည်း မြန်ဆန်သွက်လက် စေပါတယ်။ မိမိမျက်နှာပုံရိပ်နဲ့ ပြုလုပ်ထားတာကြောင့် အခြားသူလည်း ဝင်ရောက်သုံးစွဲလို့မရနိုင်တော့ပါဘူး။ Face Unlock လုပ်ဆောင်ချက်မှာ အားသာချက်ပေါင်းများ စွာရှိနေပါတယ်။ ဒီလိုအားသာချက်တွေ ရှိနေတဲ့ Face Unlock လုပ်ဆောင်ချက်ဟာ လတ်တလော လူကြိုက်များနေတဲ့ HUAWEI nova 2i မှာပါ update တစ်ခုအနေနဲ့ပါဝင်လာဖွယ်ရှိနေပါတယ်။ တကယ်လို့ nova 2i မှာ Face Unlock လုပ်ဆောင်ချက် ပါဝင်လာခဲ့မယ်ဆိုရင် သူရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို သိနိုင်စေဖို့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Face Unlock ဟာ ဖုန်းကိုလော့ဖွင့်ဖို့ ပိုမိုမြန်ဆန်ပါလိမ့်မယ်။ ဖုန်းရဲ့မျက်နှာပြင်ပွင့်လာဖို့ ပါဝါခလုတ်ကိုနှိပ်ပြီးတာနဲ့ မျက်နှာပြင်အသိအမှတ်ပြုစွမ်းဆောင်ချက် သုံးလိုက်တဲ့အခါဖုန်းပွင့်လာမှာပါ။ ဖုန်းကိုဖွင့်ဖို့ နည်းလမ်း၂ခုထဲက လက်ဗွေဖတ်စနစ်(သို့) မျက်နှာမှတ်မိသိရှိမှုကို သုံးနိုင်မှာပါ။ unlock ပြုလုပ်ဖို့အမြန်နှုန်းကလည်း ဖုန်းကိုပုံမှန် lock ပြုလုပ်တဲ့ကြာချိန်တွေထက် 800 milliseconds သာကြာမှာဖြစ်ပါတယ်။ ပြောရမယ်ဆို ဒါဟာအသွက်လက်ဆုံးပါဘဲ။

ဒါ့အပြင် ဘေးကင်းလုံခြုံတဲ့ lockဖွင့်မှုစနစ်ကိုသုံးနိုင်မှာပါ။ Face unlock စနစ်ဟာ သင့်မျက်လုံးအိမ်နဲ့မှတ်တမ်း တင်ပြုလုပ်ထားတာကြောင့် အခြားသူတွေဝင်ရောက်ကြည့်ရှုလို့ မရအောင်တားဆီးပေးပါလိမ့်မယ်။ တခြားသူတွေအနေနဲ့ သင့်မျက်နှာနဲ့ပတ်သတ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုအချက်တွေရယူပြီး ဖွင့်မယ်ဆိုရင်တောင် ရရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သင့်မျက်နှာပေါ်မှာ ရှိတဲ့အချက်အလက်ပေါင်း 1,000 ကျော်ကိုဖုန်းအတွင်းမှာ မှတ်ယူသိမ်းဆည်းထားပေးလို့ ဖြစ်ပါတယ်။ သင့်လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို Kirin ပရိုဆက်ဆာနဲ့ တိကျသေချာမှုရှိအောင် တွက်ချက်ပြီးအသေးစိတ် သိမ်းဆည်းထားလို့ပါ။ သင်အိပ်ပျော်နေတဲ့ အချိန်မှာတောင် သင့်ဖုန်းကို ဖွင့်နိုင်မှာမဟုတ်ပါဘူး။

Face Unlock စနစ်ဟာအခြားသော နည်းလမ်းတွေအတွက်လည်း အသုံးဝင်ပါတယ်။ သူ့မှာ unlock screen လုပ်ထားတဲ့အချိန်မှာ အခြားသူတွေမမြင်စေချင်တဲ့ အရာတွေကိုလည်း ဖွက်ထားနိုင်ပါတယ်။ ဖုန်းကို swipe  ပြုလုပ်ပြီး unlock ပြုလုပ်တဲ့အချိန်မှာ ဖုန်းရဲ့ display မှာပေါ်လာမယ့် text messages, WeChat messages နဲ့ QQ messages  တွေဟာ သင့်မျက်နှာမှတ်မိသိရှိမှု ပေါ်မှာမူတည်ပြီးတော့ ပြသပေးမှာဖြစ်ပါတယ်။ ဒါဟာဖုန်းပိုင်ရှိတစ်ဦးတည်းက ပြုလုပ်နိုင်မှာဖြစ်ပြီး အခြားမည်သူမှ ဖွင့်လှစ်ကြည့်ရှုဖို့ မဖြစ်နိုင်ပါဘူး။

Face Unlock မှာကန့်သတ်ချက်တွေရှိနေပါသေးတယ်။ Face unlock စနစ်ဟာအရမ်းမှောင်တဲ့ ပတ်ဝန်းကျင် အခြေအနေရောက်တဲ့ အချိန်မှာဖုန်းကို ဖွင့်လှစ်လို့ရနိုင်မှာ မဟုတ်ပါဘူး။ သို့ပေ့မယ့် အနည်းငယ်သောည အလင်းရောင်နဲ့ လမ်းမီးတိုင်တွေအောက်မှာတော့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက မျက်နှာ မှတ်မိသိရှိမှုစနစ်ဟာ မိုဘိုင်းငွေပေးချေမှု စနစ်တွေကိုတော့ ထောက်ပံ့ပေးမှာမဟုတ်ပါဘူး။ ဘယ်လိုပင် အားနည်းချက် အားသာချက်ရှိနေပါစေ nova2i အတွက် update ထွက်ပေါ်လာနိုင်မယ့် face unlock မှာ ဘာတွေထူးခြားလာနိုင်မလဲ ဆိုတာကိုတော့ HUAWEI nova 2i နဲ့အတူ စောင့်ကြည့်လိုက်ရအောင်။

Be the first to comment

Leave a Reply

Your email address will not be published.


*