ကြိုတင်ခန့်မှန်းချက်တွေအတိုင်း Face Unlock လုပ်ဆောင်ချက်ထည့်သွင်းပေးလိုက်တဲ့ HUAWEI nova 2i

ကင်မရာစွမ်းဆောင်ရည်ကောင်းမွန်မှုကို အသားပေး ဖန်တီးထုတ်လုပ်ထားတဲ့ HUAWEI nova 2i မှာ AR Lens နဲ့ Face Unlock လုပ်ဆောင်ချက်တို့ကို Software update ပြုလုပ်ပြီး သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ Software Update ပြုလုပ်လိုပါက ဖုန်းရဲ့ Setting ထဲသို့သွားကာ OTA update ကို Mobile Data ဖြင့်ဖြစ်စေ၊ Wifi Connection ဖြင့်ဖြစ်စေ Update ပြုလုပ်ပေးရပါမှာဖြစ်ပါတယ်။ ဒါမှသာ AR Lens နဲ့ Security စနစ်အတွက် ပိုမိုအထောက်အကူဖြစ်စေမယ့် Face Unlock စနစ်တို့ကို သုံးနိုင်မှာဖြစ်ပါတယ်။

အသစ်ပါဝင်လာတဲ့ Face Unlock လုပ်ဆောင်ချက်ဟာ မိမိရဲ့ Face ID ကို အလွယ်တကူ မှတ်သားပြီး မြန်ဆန်စွာ Screen Unlock လုပ်ဆောင်လို့ရမှာဖြစ်သလို Direct Unlock လုပ်မလား၊ Slide to Unlock လုပ်မလားဆိုတာကို ခွဲခြားပေးထားနိုင်ပါတယ်။ AR Lens လုပ်ဆောင်ချက်ဟာ Camera Mode ထဲမှာ ထပ်တိုးပါရှိလာမှာဖြစ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးရာမှာ Background မိမိနှစ်သက်အဆင်ပြေရာ ကောင်းမွန်တဲ့ Background တွေ အလွယ်တကူ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Face unlock စနစ်ဟာသင့်မျက်လုံးအိမ်နဲ့မှတ်တမ်းတင်ပြုလုပ်ထား တာကြောင့်အခြားသူ တွေဝင်ရောက် ကြည့်ရှုလို့မရအောင်တားဆီးပေးပါလိမ့်မယ်။ unlock ပြုလုပ်ဖို့ အမြန်နှုန်းကလည်းဖုန်းကိုပုံမှန် lock ပြုလုပ်တဲ့ကြာချိန်တွေထက် 800 milliseconds သာကြာမှာဖြစ်ပါတယ်။ သင့်မျက်နှာပေါ်မှာရှိတဲ့ အချက်အလက်ပေါင်း 1,000 ကျော်ကိုဖုန်းအတွင်းမှာမှတ်ယူသိမ်းဆည်းထားပေးမှာဖြစ်ပြီးသင့်လုံခြုံရေးနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို Kirin ပရိုဆက်ဆာနဲ့တိ ကျသေချာမှု ရှိအောင်တွက်ချက်ပြီး သိမ်းဆည်းထားမှာပါ။

HUAWEI nova 2i ရဲ့ Face Unlock စနစ်ကို setup ပြုလုပ်ရတာလည်းမြန်ဆန်သွက်လက်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းကတော့ပထမအဆင့်အနေနဲ့ဖုန်းရဲ့ setting ထဲကိုဝင်ရောက်လိုက်ပါ။ပြီးတာနဲ့ Fingerprint ID အောက်မှာတွေ့ရတဲ့ Face unlock ကိုထိတွေ့ဝင်ရောက်လိုက်ပါ။

ဒါဆိုရင်မျက်နှာမှတ်မိသိရှိတဲ့ လုပ်ဆောင်ချက်တွေကိုစ တင်လုပ်ဆောင်လို့ရပါပြီ။ Disclaimer မှာ Face unlock ပြုလုပ်တဲ့သူတွေ အတွက်အချက်အလက်တွေကိုပြသပေးထားပါတယ်။သုံးစွဲသူအနေနဲ့ Allow ပြုလုပ်လိုက်ပါ။

သင့်အနေနဲ့ Smart Lock Screen notification ကို enable ပြုလုပ်ဖို့တော့လုံးဝမေ့ထားလို့မရပါဘူး။

ဒီလုပ်ဆောင်ချက်တွေပြီးသွားရင်တော့ nova 2i ကို Face Unlock နဲ့ဖွင့်လို့ရနိုင်ပါပြီ။ unlock screen ရဲ့display မှာပေါ်လာမယ့် text messages, WeChat messages နဲ့ QQ messagesတွေကိုအခြား သူတွေမမြင်ရအောင်ဖျောက်ထားချင်တယ်ဆိုရင်တော့ slide to unlock ကို on ထားခဲ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင့် nova 2i ရဲ့ကင်မရာလုပ်ဆောင်ချက်တွေထဲမှာ AR Lens လုပ်ဆောင်ချက်ကိုပါအသုံး ချနိုင်မှာဖြစ်ပါတယ်။ကင်မရာထဲကိုဝင်ပြီးတာနဲ့ဘယ်ဘက်ကို swipe လုပ်လိုက်ပါ။ ကင်မရာ လုပ် ဆောင်ချက်တွေထဲမှာ AR Lens ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖုန်းရဲ့ Selfie ကင်မရာကိုသာထောက်ပံ့ပေးထား တာကိုတော့သတိပြုဖို့လိုအပ်ပါတယ်။

AR Lens ကိုအသုံးပြုပြီး ဓာတ်ပုံများ ဖန်တီးမယ်ဆိုရင် အမျိုးသားဆို အမျိုးသား၊ အမျိုးသမီးဆို အမျိုးသမီးတို့နဲ့ ကိုက်ညီမယ့် Effect တွေ၊ မိမိအလိုရှိသလို ပြောင်းလဲနိုင်မယ့် Background တွေ၊ မိမိရဲ့ ဓာတ်ပုံတစ်ပုံတည်းမှာပဲ အမွှာပုံစံမျိုး ဖန်တီးတာမျိုးတွေ လုပ်ဆောင်နိုင်မှာပါ။AR Lens ကိုသုံးပြီးတော့Selfieပုံတွေကို စိတ်ကြိုက် ရိုက် ကူး နိုင်ပါလိမ့်မယ်။Facial mask တွေထပ်ပေါင်းထည့်တဲ့နေရာမှာတစ်ယောက်တည်းသာ မဟုတ်တော့ ဘဲအတူတူရိုက်တဲ့သူငယ်ချင်းတွေနဲ့ ပါပေါင်း စပ်လုပ်နိုင်မှာပါ။ဒါ့အပြင် Dynamic background တွေပါ ထည့်နိုင်ပါလိမ့်မယ်။

Selfieပုံရိုက်ကူးတဲ့အခါမှာ Portrait ပုံတွေကိုစိတ်ကြိုက်ရိုက်ကူး နိုင်သလို၊ သင်တော်တဲ့နောက်ခံတွေနဲ့ပေါင်းစပ်နိုင်ပါသေးတယ်။ပိုကောင်းတာကတော့သင့်Selfieပုံနဲ့ idol ပုံနဲ့ကို တစ်ပုံတည်းဖြစ်အောင်ပေါင်းစပ်နိုင်တာပါ။သင့်တစ်ယောက်တည်း ကနေလည်း၂ကိုယ်ခွဲပုံစံမျိုးတွေ ဖြစ်အောင် ပြုလုပ်ရိုက်ကူးနိုင်ပါ လိမ့်မယ်။ ဒါကြောင့်ကင်မရာထပ်တိုးလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ AR Lens နဲ့ Face Unlock လုပ်ဆောင်ချက်တွေကို HUAWEI nova 2i နဲ့အတူခံစားကြည့်နိုင်အောင်လို့ Software Update ကိုအခုစတင်လုပ်လိုက်ပါတော့။

Be the first to comment

Leave a Reply

Your email address will not be published.


*