HUAWEI Nova 2i နှင့် Samsung J5 Pro တို့အား နှိုင်းယှဉ်ကြည့်ခြင်း

Huawei Nova 2i Price – 339,000

J5 Pro  Price            – 349,000 (new model)

ပြည်တွင်းဈေးကွက်မှာ ရောင်းအားအရမ်းကောင်းပြီး ရောင်းအားတားဂတ်ကို ကျော်လွန်လောက်အောင် ရောင်းချ နိုင်ခဲ့တယ်ဆိုတဲ့ Huawei Nova 2i နဲ့ သူနဲ့ ဈေးနှုန်း အတူတူလောက်ဖြစ်ပြီး နေထိုင်မှုပုံစံ နှစ်မျိုးဆိုပြီး ကြော်ငြာနေတဲ့ ဖုန်းတစ်လုံးဖြစ်တဲ့ Samsung ရဲ့ J5 Pro နှင့် နှိုင်းယှဉ် ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီဖုန်း နှစ်လုံးကို ယှဉ်ပြရလဲ ဆိုတော့ ဈေးနှုန်းအားဖြင့် အတော်လေး တူညီနေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် J5 Pro က Nova 2i ထက် ပိုပြီးတော့ ၂ လ လောက် စောထွက်ခဲ့တဲ့ ဖုန်းပါ။

 

ဖုန်းရဲ့ သွင်ပြင်ပိုင်းကို လေ့လာမိခြင်း

ပထမဆုံး ဖုန်းတွေကို စကိုင်မယ်ဆိုတာနဲ့ ဖုန်းရဲ့ အမြင်တည်ဆောက်မှုပုံစံကို ပထမဆုံး မြင်ရမှာပါ။ First impression ဆိုတဲ့ အတိုင်းပါပဲ။ ဖုန်းကို မဝယ်ခင်မှာပဲ ဖြစ်စေ၊ မြင်လိုက်ရတာက ဖုန်းအတွင်းပိုင်းမှာ တည်ဆောက်ထားတဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေ မဟုတ်သေးပါဘူး။ ပထမဆုံး မြင်ရတာက ဖုန်းကိုယ်ထည်ပိုင်း တည်ဆောက်မှု ပုံစံပါ။

ဒီတော့ ပထမဆုံး ဖုန်းရဲ့ သွင်ပြင်လက္ခဏာသွင်ပြင်တွေကို လေ့လာကြည့်ရအောင်။

Huawei Nova 2i ရဲ့ သွင်ပြင်လက္ခာဏာဟာ ပထမဆုံး မြင်ရချိန်မှာ ပထမဆုံး မြင်ရတာက ဖုန်းရဲ့ ကိုယ်ထည်ပိုင်းကို compact body ပုံစံအတိုင်း ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်း တည်ဆောက်ထားပုံဟာအခြားသော Huawei ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင်တောင် အတော်လေး ကွာခြားသွားတာ မြင်နိုင်ပါလိမ့်မယ်။ ဖုန်းမှာ ဘေးဘောင်ပျောက်နည်းပညာလည်း ပါဝင်လာတာမို့ အတော်လေးကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ နောက် ဒီဈေးမျိုးနဲ့ ဘေးဘောင်ပျောက်ဖုန်းရဖို့ဆိုတာ သိပ်မလွယ်သေးတဲ့ အချိန်မှာ ဒါမျိုးရနိုင်လို့ပါ။ နောက် ဖုန်းရဲ့ ကိုယ်ထည်ပိုင်းက Metal body လို့ဆိုပေမယ့် ခံစားရတာ Vivo V7/V7+ တွေလိုပဲ ပေါ်လီကာဘွန်နိတ်ပ လစ်စတစ်လိုမျိုး ခံစားစေရပါတယ်။ ဒါပေမယ့် ဒါက မသိသာသလို Huawei ကိုယ်တိုင်ကလည်း Metal ကိုယ်ထည်ပါလို့ အတင်းမကြော်ငြာပါဘူး။ နောက်တစ်ခုက ဘေးဘောင်အချိုးတွေဟာ သပ်ရပ်လှပနေတာမို့ မြင်တာနဲ့တင် ဝယ်ချင်စိတ်ပေါက်သွားမိတာတော့ အမှန်ပါပဲ။

နောက် J5 Pro ကို ကြည့်ရအောင်။ J5 Pro ဆိုတာလည်း ဘတ်ဂျက်ဖုန်းတစ်လုံးပါပဲ။ (ဒါပေမယ့် စာရေးသူရဲ့ အမြင်တစ်ခုကို ပြောပါဆိုရင် အခြားဖုန်းတွေထက် ဈေးကြီးနေတာမျိုးပါပဲ။ အဲဒီ ခံစားချက်က မြန်မာပြည်ကို Xiaomi ဖုန်းတွေ စဝင်လာတဲ့ အချိန်မှာ စတင်ခံစားမိလာခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Samsung ကို ပါစင်နယ်အရ မသုံးဖြစ်တော့ပါဘူး။ ) အခု J5 Pro ဟာ အတော်လေး ကောင်းမွန်တဲ့ ဖုန်းတစ်လုံးအဖြစ်တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘက်ဂျတ်ဖုန်းတစ်လုံးမှာ ၃ သိန်းခွဲလောက် ဆိုတာကတော့ သာမန်အနေအထားအရ များပါတယ်။ ဒီဇိုင်းပိုင်းအရ ဘေးဘောင်အချိုးတွေဟာ မြင်ရတာ တစ်မျိုးဆန်းသစ်စေသလို အင်တာနက်တွေကို ဘေးဘောင်တွေမှာ တပ်ဆင်ထားပုံကလည်း ဖုန်းကို အလှဆင်သလို ဖြစ်သွားစေပါတယ်။ ဒီဇိုင်းပိုင်းအရ လွန်ခဲ့တဲ့ နှစ်တွေတုန်းက 2.5D မှန်နဲ့ ပထမဆုံး ထွက်ခဲ့တဲ့ Galaxy S3 ကိုတောင် သတိရစေပါတယ်။

ဒါကတော့ ပထမဆုံး ဖုန်းကို မြင်တာနဲ့ ခံစားရမယ့် First impression ပါ။

ဖုန်းရဲ့ Display ပိုင်းကို လေ့လာကြည့်ခြင်း

Hauwei ရဲ့ Nova 2i မှာ 1080x2160p အထိ ရုပ်ထွက် ပါနေတာမို့ ဒီဈေးနဲ့ ဖုန်းတွေထဲမှာတော့ အများဆုံး ပါဝင်တဲ့ ဖုန်းလို့တောင် ပြောနိုင်မယ် ထင်ပါတယ်။ နောက် မျက်နှာပြင် Display 5.9 inchs ဖြစ်တာမို့ အတော်လေးကို တန်တယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ Screen ကိုတော့ IPS ကိုပဲ အသုံးပြုထားပေမယ့် ရုပ်ထွက် ပိုင်းမှာ အတော်လေးကောင်းမွန်သလို 18:9 ratio ဆိုတဲ့ ခံစားချက်က အတော်လေးကို ဘဝင်ခိုက်စေမှာပါ။ မှန်သားတွေကို ကျစ်ကျစ်လစ်လစ်တည်ဆောက်ထားလို့ ခံစားမှုတွေ အထွဋ်အထိပ်ကို ရောက်စေမှာပါ။ ဘေးဘောင်ကလည်း အတော်လေးကို ပါးလွှာလွန်းတဲ့အတွက် ဒီဈေးနှုန်းနဲ့ ဒီလိုမျိုး ဖုန်းမျိုးကို မြန်မာပြည် ဈေးကွက်ထဲမှာ မရနိုင်သေးတာတော့ သေချာပါတယ်။

J5 Pro ရဲ့ ဖုန်းမှာ တပ်ဆင်ထားတဲ့ Resolution ကတော့ 720 x 1280 pixels ပဲဖြစ်တာမို့ ဘတ်ဂျက်ဖုန်း တစ်လုံး အတွက် သင့်တော်ပေမယ့် ဈေးနှုန်းပိုင်းအရ ပြန်ကြည့်ရင်တော့ သူထက်သူလွန်ကောင်းမွန်နေတဲ့ Full HD display ဖြစ်တဲ့ Nova 2i က ရွေးချယ်စရာ တစ်ခုပါပဲ။ နောက်တစ်ချက်က J5 Pro ရဲ့ aspect ratio ကတော့ ရိုးရိုးသာမန် 16:9 ပဲ ရှိတာမို့ မြင်ကွင်းကျယ်ခံစားမှုမှာတော့ အတော်လေး ကွာခြားချက် ရှိပါလိမ့်မယ်။ Nova 2i ကတော့ မြင်ကွင်းကျယ် 18:9 ratio ကို အသုံးပြုထားသလို Bezels less နည်းပညာကြောင့် မြင်ကွင်းကျယ် ရသ ကို ခံစားနိုင်သလို ဂိမ်းကစားတာ ၊ ရုပ်ရှင်ကြည့်တာတွေမှာ ရုပ်ရှင်ရုပ်ထဲက ရသကို ပေးစွမ်းနိုင်ပါတယ်။

ကင်မရာပိုင်းကို လေ့လာကြည့်ခြင်း

ကင်မရာပိုင်းကို အရင် ကြည့်ရအောင်။

Nova 2i မှာ ကင်မရာ ၄ လုံးပါတဲ့ ဖုန်းဆိုပြီး စထွက်ကတည်းက နာမည်ကြီးခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ ဒီတော့ ကင်မရာ ၄ လုံးကိုဘယ်မှာ ဘာအတွက် တပ်ဆင်ထားလဲ။ ဘာတွေ ကောင်းလဲဆိုတာ နည်းနည်း အချက်အလက်လေးတွေ လေ့လာပြီး ကြည့်ရအောင်။

ပထမဆုံး နောက်ကျောဘက် ကင်မရာက 16 MP+2 MP ဆိုပြီး ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ 16 MP ကင်မရာ ကတော့ အဓိက ကင်မရာအနေနဲ့ အသုံးချပြီး နောက်ကင်မရာတစ်လုံးဖြစ်တဲ့ 2 MP  ကတော့ အမှောင်တွေမှာ ကောင်းကောင်း ရိုက်နိုင်ဖို့ ထည့်ပေးထားပါတယ်။ အရှေ့ကင်မရာကတော့ Selfie သမားတွေ အကြိုက်တွေ့မယ် ဆိုလည်း တွေ့နိုင်မှာပါ။ 13MP ကင်မရာ အပြင် 2 MP ကို အနောက်ကင်မရာလိုပဲ အမှောင်တွေမှာ Selfie ဆွဲရင် ပိုကောင်းမွန်တဲ့ ရုပ်ထွက်တွေ ရအောင် ထပ်ပိုးထည့်ထားပါတယ်။ နောက်ထပ် ထူးခြားတာကတော့ Huawei က Nova 2i နဲ့ ဗီဒီယိုမှတ်တမ်းတွေ ရိုက်ကူးနိုင်လောက်အောင် ကောင်းမွန်တယ်ဆိုတဲ့ အချက်ဟာ အတော်လေးကို တာသွားတဲ့ အချက်၊ တစ်နည်း ကိုယ့်ဖုန်းရဲ့ ကင်မရာပိုင်းကို လက်တွေ့ပြသရဲ့တဲ့ သတ္တိကိုတော့ လေးစားမိတာ အမှန်ပါပဲ။

ဒီတော့ J5 Pro ကို လေ့လာကြည့်ရအောင်။ J5 Pro ကတော့

J5 Pro ဟာ Nova 2i နဲ့ နှိုင်းယှဉ်စရာ ကင်မရာ ၄လုံးလည်း မပါသလို အချက်အလက်အရ တူညီတဲ့ spec တွေ တောင် မရှိပါဘူး။ J5 Pro မှာ အသုံးပြုထားတဲ့ ကင်မရာတွေကတော့ ရှေ့ကင်မရာ တစ်လုံး ၊ နောက်ကင်မရာ တစ်လုံးနှင့်အတူ ကင်မရာနှစ်လုံး စလုံးကို 13MP တွေကိုပဲ တပ်ဆင်ထားပါတယ်။ ရိုက်ကူးမှုမှာတော့ Nova 2i လိုမျိုး ကင်မရာနှစ်လုံးစီ ရှေ့နောက် ပါတဲ့ ရုပ်ထွက်တဲ့ သိသာတဲ့ ရုပ်ထွက်တွေကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် ဈေးတန်းတူထားချင်းဖြစ်နေတော့ Nova 2i ဟာ ရွေးချယ်စရာတစ်ခု ဖြစ်မှာပါ။

ပါဝင်တဲ့ Features အပိုင်းကို လေ့လာကြည့်ခြင်း

Features ပိုင်းဆိုရင် သာမန် ဖုန်းဝယ်သူတွေက သိပ်မသိကြတာ များပါတယ်။ သာမန် ဖုန်းဝယ်မယ့်သူက ဖုန်းတစ်လုံးကို ကြည့်မယ်၊ ကြိုက်တယ်ဆိုရင် ဈေးနှုန်းနဲ့ ဝယ်နိုင်၊ မဝယ်နိုင်ကို ကြည့်မယ်၊ ဒါမှ ဝယ်နိုင်ပြီဆို ကင်မရာပိုင်း၊ ဖုန်းပါ ပါတဲ့ Storage ပိုင်း ဘာညာလေးတွေ ကြည့်ပြီး ဝယ်ကြတာများပါတယ်။ ဒါပေမယ့် ဈေး ၃ သိန်းကျော်ပေးဝယ်မှတော့ အဲဒီလောက်နဲ့ ကျေနပ်ပြီး ဝယ်ဖို့ မသင့်တော်သေးပါဘူး။ ဒီတော့ Features တွေက ဘာတွေ ပါတယ်၊ ဘာတွေလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။

Nova 2i မှာ ကြည့်မယ်ဆိုရင်တော့ full View display ကိုပဲ ၅.၉ လက်မဆိုတဲ့ မြင်ကွင်းကျယ်ကို ဘေးဘောင် ပျောက်နည်းပညာတွေ သုံးထားတဲ့အတွက် အတော်လေးကို ကောင်းမွန်တဲ့ အနေအထားပါ။ Nova 2i မှာ ပါဝင် တဲ့ ကင်မရာပိုင်းဆိုင်ရာမှာတော့ ကင်မရာ ရှေ့ရော နောက်မှာပါ Hardware ထဲမှာတစ်ပါတည်း ထည့်သွင်း တည်ဆောက်ထားတဲ့ Bokeh ဆိုတဲ့ Features ပါဝင်လာခြင်းပါ။ ထူးခြားချက်ကတော့ ဓာတ်ပုံတွေကို ပိုမို ကောင်းမွန်ပြီး ကြည်လင်ပြတ်သား ရှင်းလင်းတာတွေကို မြင်နိုင်တာပဲ ဖြစ်ပါတယ်။

J5 Pro ကတော့ အခြားသော အချက်အလက်တွေ မပါဝင်ပါဘူး။ သူ့ရဲ့ ပုံမှန် Samsung ဖုန်းတွေထဲမှာ ပါဝင်တဲ့ အချက်အလက်လောက်သာ ပါဝင်ပါတယ်။

အခြား အချက်အလက်များကို လေ့လာကြည့်ခြင်း

အခြား အချက်အလက်တွေ ဆိုတာကတော့ ဖုန်းမှာ ပါဝင်တဲ့ Hardware ပိုင်းဆိုင်ရာ အချက်အလက်တွေပါ။ Nova 2i က Huawei ရဲ့ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ Kirin 659 octa-core processor ကို အသုံးပြုထားပြီး မြန်နှုန်းကတော့ 2.36GHz ရှိပါတယ်။ J5 Pro ကတော့ Samsung ရဲ့ Exynos 7870 Octa Processor ကိုပဲ အသုံးပြုထားသလို မြန်နှုန်းကလည်း 1.6 GHz ပဲ ရှိပါတယ်။

GPU စနစ်တွေမှာတော့ Nova 2i က Mali-T830 MP2 GPU ကို အသုံးပြုထားပြီး J5 Pro ကတော့ Mali-T830 MP1 GPU ကို အသုံးပြုထားပါတယ်။ ဒီတော့ GPU ပိုင်းမှာတော့ Nova 2i ကတော့ နည်းနည်း ပိုပြီး ဗားရှင်း မြင့်တဲ့ သဘော ရှိပါတယ်။ အခြားအချက်အလက်တွေ ဖြစ်တဲ့ RAM ကတော့ Nova 2i မှာ RAM 4GB ကိုပဲ အသုံးပြုထားပေမယ့် J5 Pro ကတော့ RAM 3GB ကိုသာ အသုံးပြုထားပါတယ်။

ဒါပေမယ့် ကွာခြားချက် ကြီးကြီးမားမား တစ်ခုကတော့ Storage အပိုင်းမှာပါ။ Nova 2i က 64 GB build-in ပါဝင်ပြီးတော့ J5 Pro ကတော့ 32 GB ပဲ ပါဝင်လို့ ဈေးနှုန်းအတူတူမှာ memory နှစ်ဆ လောက် ကွာတာ မျိုးဆိုတော့ ဓာတ်ပုံများများ ရိုက်သူတွေအတွက် memory နည်းနေမယ်ဆိုရင် ရေရှည်မှာ ဒုက္ခရောက် သွားနိုင်ပါ တယ်။   Fingerprint Scanner ကတော့ J5 Pro မှာ home button နှင့် တွဲဖက်အသုံးပြုထားပြီး Nova 2i ကတော့ Full View Display ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့ နောက်ကျော်ဘက်က ကင်မရာအောက်ကို ရွေ့ထားပါတယ်။ အခြား အားသာချက်တွေကတော့ Nova 2i မှာ HUAWEI Histen Audio Algorithm  အသံစနစ် ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ ဘက်ထရီများများ ကြိုက်သူတွေအတွက် Nova 2i မှာ 3340 mAh ပါဝင်ပြီး J5 Pro မှာ တော့ 3000 mAh ပဲ ပါဝင်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*