Huawei မှ သီတင်းကျွတ် အထူးရောင်းချမှုအစီအစဉ်ပြုလုပ်

Huawei စမတ်ဖုန်းဝယ်ယူသူများအတွက် သီတင်းကျွတ်အထူးအစီအစဉ်ကို ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိပြုလုပ်ထားကြောင်း သိရသည်။ သီတင်းကျွတ်အထူးအစီအစဉ်တွင် P10 Plus၊ P10၊ GR5 2017 Premium၊ Y7 Prime၊ Y6II Prime၊ Y5 2017၊ Y3 2017၊ Media Pad T3 10 နှင့် Media Pad M3 2017 တို့ ပါဝင်မည်ဖြစ်ကာ အထူးဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သလို အထူးလက်ဆောင်များလည်း ရရှိနိုင်မည်ဖြစ်သည်။ Huawei P10 Plus ဝယ်ယူသူများအနေဖြင့် Leica Cover Case လက်ဆောင်ရယူနိုင်ခြင်း၊ တယ်လီနောဖုန်းကတ်ကို လစဉ် ၁၀၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 3GB နှင့် တယ်လီနောအချင်းချင်း အကန့်အသတ်မရှိ မက်ဆေ့ပို့ခွင့်တို့ကို ခြောက်လဆက်တိုက် အခမဲ့ ရရှိနိုင် မည်ဖြစ်သည်။

Huawei P10 ဝယ်ယူသူများအနေဖြင့် မူရင်းဈေး ၇၉၉၀၀၀ကျပ်မှ ၆၉၉၀၀၀ကျပ်ဖြင့် ဝယ်ယူနိုင်မည့်အပြင် Flip Cover View Case လက်ဆောင်ရယူနိုင်ခြင်း၊ တယ်လီနောဖုန်းကတ်ကို လစဉ် ၁၀၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 3GB နှင့် တယ်လီနောအချင်းချင်း အကန့်အသတ်မရှိ မက်ဆေ့ပို့ခွင့်တို့ကို ခြောက်လဆက်တိုက် အခမဲ့ ရရှိနိုင် မည်ဖြစ်သည်။Huawei GR5 2017 Premium ဝယ်ယူသူများအနေဖြင့် Huawei ကျောပိုးအိတ်ရယူနိုင် မည်ဖြစ်သည်။ Huawei Y7 Prime ဝယ်ယူသူများအနေဖြင့် 32GB micro SD ကတ် ရရှိနိုင်ခြင်း၊ တယ်လီနောဖုန်းကတ်ကို လစဉ် ၅၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 1GB နှင့် လစဉ် တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၆၀ တို့ကို ခြောက်လဆက်တိုက် အခမဲ့ရရှိနိုင် မည်ဖြစ်သည်။

Huawei Y6 II Prime ဝယ်ယူသူများအနေဖြင့် Selfie Stick ရရှိနိုင်ခြင်း၊ တယ်လီနောဖုန်းကတ်ကို လစဉ် ၅၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 6GB နှင့် လစဉ် တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၆၀ တို့ကို ခြောက်လဆက်တိုက် အခမဲ့ရရှိနိုင် မည်ဖြစ်သည်။ Huawei Y5 2017 (4GLTE) ဝယ်ယူသူများအနေဖြင့် မူလဈေး ၁၇၉၀၀၀ ကျပ်မှ ၁၅၉၀၀၀ကျပ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ တယ်လီနောဖုန်းကတ်ကို လစဉ် ၃၀၀၀ ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 800MB ကို ခြောက်လဆက်တိုက် အခမဲ့ရရှိနိုင် မည်ဖြစ်သည်။ Huawei Y3 2017 ကို ဝယ်ယူသူများအနေဖြင့် မူလဈေး ၁၁၉၀၀၀ ကျပ်မှ ၁၀၉၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ တယ်လီနောဖုန်းကတ်ကို လစဉ် ၁၀၀၀ ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 500MB ကို ခြောက်လဆက်တိုက် အခမဲ့ရရှိနိုင် မည်ဖြစ်သည်။

Huawei Media Pad T3 10 ဝယ်ယူသူများအနေဖြင့် အူရီဒူးဖုန်းကတ်ကို လစဉ် ၁၀၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 6GB ကို ခြောက်လဆက်တိုက် အခမဲ့ရရှိနိုင် မည်ဖြစ်သည်။ Huawei Media Pad M3 2017 ကို ဝယ်ယူသူများအနေဖြင့် Bluetooth Speaker ရရှိနိုင်ခြင်း၊ အူရီဒူးဖုန်းကတ်ကို လစဉ် ၁၀၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် အင်တာနက်ဒေတာ 6GB ကို ခြောက်လဆက်တိုက် အခမဲ့ရရှိနိုင် မည်ဖြစ်သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*