သမီးမိန်းကလေးမီးဖွားလို့ ဇနီးသည်ကို ခင်ပွန်းဖြစ်သူက အက်ဆစ်နဲ့ပက်

အိန္ဒိယက အမျိုးသားတစ်ဦးဟာ ဇနီးသည်ဖြစ်သူမှာ သမီးမိန်းကလေး မွေးဖွားခဲ့လို့ဆိုကာ ဇနီးသည် အမျိုးသမီးကို အက်ဆစ်နဲ့ပက်ကာ ရန်ပြုခဲ့တယ်လို့သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ခင်ပွန်း သည် အမျိုးသားဆီရက်ဂ်ျဘီဝီဆိုသူက သားယောက်ျားလေး ကလေးငယ် လိုချင်နေပြီးတော့ အသက် ၂၅ နှစ်အရွယ် ဇနီးသည် ဖာရာဘီဝီဆိုသူက ကိုယ်ဝန်ဆောင် ကလေးမီးဖွားချိန်မှာတော့ သမီးမိန်း ကလေးမီးဖွားခဲ့တာကြောင့် သူ့အနေနဲ့ ဒီကလေးငယ်ကို မလိုချင်တဲ့အပြင် ဇနီးသည်အပေါ် ကို လည်း စိတ်မကျေနပ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

ဒီ့အတွက်ကြောင့်လည်း သားယောက်ျားလေး မမွေးပေးနိုင်တဲ့ ဇနီးသည်ကို အိပ်ပျော်နေစဉ်မှာ အက်ဆစ်နဲ့ပက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အူဒါပရာဒေ့ရှ်ပြည်နယ်၊ မိုရာဒဘက်နေထိုင်သူ ဇနီးသည်အမျိုးသမီးရဲ့ မျက်နှာ၊ လက်၊ ဝမ်းဗိုက်ပိုင်းတစ်ခုလုံးမှာ အက် ဆစ်လောင်ကျွမ်းမှုများဖြစ် ပေါ်ခဲ့ရကာ ဆေးရုံတက်ရောက်ကုသမှု ခံယူရဆဲဖြစ်ပါတယ်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးဟာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကတည်းက လက်ထပ်ထိမ်းမြားအိမ်ထောင်ပြုခဲ့ ကြပြီးတော့ သမီးနှစ်ဦးထွန်းကားခဲ့ ကာ ခင်ပွန်းသည်မှာ သားယောက်ျားလေးထပ်မံမွေးဖွားလာဖို့ကို လည်း မျှော်လင့်တကြီး ရှိခဲ့တယ်လို့ သိရပါတယ်။ ဇနီးသည်မှာ သုံးဦးမြောက်ကလေးငယ်မီးဖွားချိန် မှာလည်း သမီးမိန်းကလေးပဲ ထပ်မံမွေးဖွားခဲ့လို့ ခင်ပွန်းဖြစ်သူမှာ ဇနီးကို အက်ဆစ်နဲ့ပက်ပြီး ထွက် ပြေးတိမ်းရှောင်သွားတာကြောင့် ရဲတပ်ဖွဲ့ဝင်က အဆိုပါ အမျိုးသားကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီး ရှာဖွေမှုတွေလုပ် ဆောင်နေပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင် အခုလိုမျိုး မိသားစု၊ ဆွေမျိုးနီးအသိုင်းအဝိုင်းတွေက အက်ဆစ်ပက်တိုက်ခိုက် ခြင်း၊ အိမ်တွင်းအကြမ်း ဖက်နှိပ်စက်ခြင်းတွေဟာ တချို့အသိုင်းအဝိုင်းတွေမှာဆိုရင် ဆိုးဆိုးရွားရွားဖြစ် ပေါ်နေပြီးတော့ ကျားမခွဲခြားဆက်ဆံတာ၊ အမျိုးသ မီးတွေအပေါ် ခွဲခြားနှိမ်ချဆက်ဆံခံရတာတွေက ဆက်လက်ဖြစ်ပေါ်နေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*