Vivo X20 Plus UD ကို ယခုလ ၂၅ ရက်နေ့မှာရောင်းမယ်လို့ သတင်းထွက်

တရုတ်စမတ်ဖုန်း ကုမ္ပဏီ Vivo အနေနဲ့ Screen အောက် လက်ဗွေရာကိရိယာပါတဲ့ Vivo X20 Plus UD ကို TENAA မှာ မှတ်ပုံတင်ခဲ့ပါတယ်။ အခုတော့ Twitter မှာ သူ့ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ အဲဒီ သတင်းအချက်အလက်များကို နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ Zyad Atef က ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။
Vivo X20 Plus UD ဟာ သာမာန် X20 Plus နဲ့ ဆင်တူပါတယ်။ TENAA မှ မှတ်ပုံတင်ထားမှု အရ Vivo X20 UD မှာ ၆.၄၃ လက်မ Full HD+ OLED Display တပ်ဆင်ထားပြီး သူဟာ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာကို ထောက်ပံ့တဲ့ စကရင် ဖြစ်ပါတယ်။ Synaptics ရဲ့ အဆိုအရ လက်ဗွေရာအာရုံခံ ကိရိယာဟာ မျက်နှာပြင်အောက်ကနေတောင် လက်ဗွေရာကို ဖတ်နိုင်တယ်လို့ ပြောပါတယ်။ ဒီလိုစွမ်းရည်မျိုးကို LCD Display အောက်မှာတော့ မပြုလုပ်နိုင်ပါဘူး။

Vivo X20 Plus UD ရဲ့ အခြား Specifications များဟာ Vivo X20 Plus နဲ့ တူညီကြပါတယ်။ သူ့မှာ Snapdragon 660 Chipset, 4GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 12MP ကင်မရာနဲ့ 5MP ကင်မရာ နှစ်လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 12MP Camera တစ်လုံး ပါပါတယ်။ 3800mAh Battery ထည့်ပေးထားပါတယ်။ အဲဒီ စမတ်ဖုန်းကို ယခုလ ၂၅ ရက်နေ့မှာ ယွမ် ၃၉၉၈ ဖြင့် ရောင်းချမယ်လို့ Zyad Atef က ပြောပါတယ်။ ဒေါ်လာ အားဖြင့် ၆၂၅ ၀န်းကျင် ကျသင့်နိုင်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*