K pop မှာ အသက်ငယ်ငယ်နဲ့အောင်မြင်နေပြီး ချမ်းသာကြွယ်ဝမှုထိတ်တန်းရှိနေတဲ့ မင်းသား Jan Geunsuk

K pop လောကထဲက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားပြီး ချမ်းသာကြွယ်ဝမှုပမာ ဏအများအပြားရှိတဲ့ လူငယ်အနု ပညာရှင်တစ်ဦးအကြောင်း ဖော်ပြပေးချင်ပါတယ်။ သူက ပရိတ်သတ် တွေရဲ့အထူးအားပေးနှစ်ခြိုက်မှုကို ရရှိထားသူဖြစ်ပြီးတော့ အနုပညာပါရမီစွမ်းရည်ကလည်း ထူးခြားလို့ သူ့ကိုကိုးရီးယားရုပ်ရှင်ချစ်သူတွေက သိပြီးသားပါ။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာအလုပ်မှာလည်း အောင်မြင်၊ စည်းစိမ်ချမ်းသာကြွယ်ဝမှုများ ပြားတဲ့ လူငယ်အနုပညာရှင်ကတော့ Jan Geunsuk ပဲ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့အောင်မြင်မှုနဲ့ ငွေ ကြေးချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်နိုင်အောင် ဘယ်လိုကြိုးစားခဲ့ ရသလဲဆိုတာကို လက်တွေ့သက်သေ ပြခဲ့တဲ့ လူငယ်တစ်ဦးပါ။ အံ့အားသင့်စရာကောင်းပြီး ချီးကျူးသင့်တဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုက လူ ငယ်တွေအတွက်တော့ အတုယူစရာပါပဲ။

၂၀၀၅ ခုနှစ်မှာ သူ့ကို အနုပညာလောကထဲ စတင်မြင်တွေ့ခွင့်ရခဲ့တဲ့ အချိန်ကတည်းက Jan Geunsuk သူ့ရဲ့ အနုပညာအလုပ် ငွေကြေး ဘယ်လိုစုဆောင်း ချွေတာခဲ့သလဲဆိုတာတော့ သိပ်ကိုအားကျ အတု ယူစရာပါပဲ။ အနုပညာအလုပ်နဲ့ သရုပ်ဆောင် အလုပ်တွေကို တောက်လျှောက်လုပ်ကိုင်ခဲ့ပြီးတော့ အခုဆို ရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ပိုင်ဆိုင်မှုချမ်းသာကြွယ်ဝမှုက ဝမ် ၉၀ ဘီလျံ( အမေရိ ကန်ဒေါ်လာ ၈၃.၃ သန်း) အထိတောင်ပိုင်ဆိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်အလုပ်နဲ့ သီချင်းဆိုတဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ဝင်ငွေကို Jan Geunsuk က ချွေတာစုဆောင်းပြီး သုံးစွဲခဲ့ပါတယ်။ နေအိမ်တွေ၊ ဇိမ်ခံကားတွေ ဝယ်ယူစုဆောင်းရတာကို ကြိုက်တဲ့ သူက အမြဲလိုလိုပဲ ကမ္ဘာကျော် ပြိုင်ကားတွေဖြစ်တဲ့ Maserati, Roll Royce, Porsche ကားအမျိုးအ စားတွေကို စီးနင်းတတ်တာကို တွေ့ရပါတယ်။

ဒါ့အပြင် လူငယ်သရုပ်ဆောာင်က သူ့ရဲ့ အလုပ်ကနေရလာတဲ့ ငွေကြေးတွေနဲ့ အလှူအတန်းနဲ့ လိုအပ်တဲ့နေရာတွေမှာ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းပစ်တယ်လို့လည်း သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*