အဘိုးဖြစ်သူက ဆယ်နှစ်ကျော်ကြာ အစာအငတ်ထားလို့ မသေရုံတမယ်အရိုးစုသာကျန်တော့တဲ့ ဂျပန်မိန်းကလေးငယ်

ဂျပန်မိန်းကလေးငယ်တစ်ဦးဟာ လူအရိုးစုလောက်သာ ကျန်တော့တဲ့ သူမရဲ့ခန္ဓာကိုယ်ကို ဓာတ်ပုံရိုက် ထားပြီးတော့ ဆိုရှယ်စာ မျက်နှာပေါ် ဝေမျှပေးခဲ့ပါတယ်။ အစာအငတ်ထားတဲ့ ဘိုးအေဖြစ်သူရဲ့ ညှင်း ပန်းနှိပ်စက်မှုကို ခံစားနေရလို့ အရိုးပေါ်အရေတင်ဖြစ်နေတဲ့ သူမရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ဟာ တကယ့်ကို ထိတ်လန့်အံသြဖွယ်ကောင်းပြီး သနားစရာကောင်းပါတယ်။

တွစ်တာစာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သူမရဲ့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုမှာဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အချိန်ကတည်းက သူမဟာ ဘိုးအေဖြစ်သူနဲ့ အတူနေထိုင်ခဲ့ပြီး ဘိုးအေဟာ သူမကို အစာရေစာကျွေးမွေးခြင်းလုံးဝမရှိခဲ့တဲ့အပြင်ကို ညှင်းပန်းနှိပ်စက် မှုတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်အလယ်ပိုင်း ကျိုတိုမှာ နေထိုင်တဲ့သူမဟာ အဘိုးဖြစ်သူရဲ့ နှိပ်စက်မှုနဲ့ အစာရေစာ အငတ်ထားခြင်းခံရလို့ သူမရဲ့ ကိုယ်ခန္ဓာဟာ အရိုးစုလောက်သာကျန်ရစ်ပြီး ကြည့်ရတာအတော့ကို ဆိုးရွားနေတာဖြစ်ပါတယ်။

ဆာလောင်မွတ်သိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာကြာအောင် ခံစားခဲ့ရလို့ သူမဟာ အင်အားချိနဲ့ပြီး လူရုပ် တောင်မပေါက်တော့တဲ့ ပုံစံက ဆိုရှယ်အသုံးပြုသူတွေ ထိတ်လန့်အံ့သြစေခဲ့ပြီး သနားမှင်သက်မိစေ ပါတယ်။ ဆာလောင်တဲ့အခါ အဘိုးဖြစ်သူမသိအောင် အစာရေ စာများ ခိုးစားခဲ့လို့ ရိုက်နှက်ခြင်း၊ အပြစ် ပေးခြင်းကိုလည်းခံရတာ ဖြစ်ပါတယ်။ လူမသိသူမသိ၊ ကူညီကယ်ဆယ်မယ့်သူမရှိ အိမ်တွင်း အကြမ်းဖက်နှိပ်စက်ခံရမှုကို ခံစားရလို့  အသက် ၂၀ အရွယ်နဲ့ ၃၇ ပေါင်သာရှိတဲ့ သူမရဲ့ခန္ဓာကိုယ်ကို မှန်ရှေ့ ဆယ်လ်ဓာတ်ပုံ ရိုက်ပြီးတော့ အင်တာနက်စာမျက်နှာပေါ်ဝေမျှလိုက်ပါတယ်။

အစာရေစာအငတ်ထားခြင်း၊ အိမ်တွင်းပိတ်လှောင် နှိပ်စက်ခံရခြင်းတို့ ခံစားနေရလို့ လူမသေရုံတမယ် ရှိနေခဲ့တဲ့ အဆိုပါ မိန်းကလေးကို သက်ဆိုင်ရာအာဏာပိုင်တွေက သတိထားမိသွားခဲ့ပြီးတော့ အဆိုပါ အခြေအနေတွေကနေ လွတ်မြောက်အောင်သွားရောက် ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*