Latest post

ကိုရီးယားအမျိုးသားတွေကြား ရေပန်းစားနေတဲ့ လုံးကြီးပေါက်လှ ဂျပန်မော်ဒယ်မလေး

Shinozaki Ai အမည်ရ “AeLL” အဆိုတော်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဂျပန်မော်ဒယ်မလေးဟာ ကိုရီးယားမှာ သူမရေပန်းစားနေရခြင်းက ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးကိုယ်ပေါက်ကြောင့်ပါလို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ကမ္ဘာကျော်ပုရိသမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ MAXIM မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံအတွက် ရိုက်ကူးပေးခဲ့ရာ မဂ္ဂဇင်းအရောင်းကုန်တဲ့အထိ ရေပန်းစားကျော်ကြားခဲ့ပါတယ်။ မဂ္ဂဇင်းက ဂျပန်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတွေကို ရောက်ရှိခဲ့ပေမဲ့ ကိုရီးယားနိုင်ငံမှာ ပိုလို့ကျော်ကြားခဲ့ပါတယ်။

ကိုရီးယားမှာရေပန်းစားခြင်းနဲ့ ပတ်သက်လို့ ကိုရီးယားမှာ သေးသေးသွယ်သွယ် ကောင်မလေးငယ်တွေ အများအပြားရှိတာကြောင့် သူမလို လုံးကြီးပေါက်လှတစ်ယောက်က သူတို့အတွက် စိတ်လှုပ်ရှားရင်ခုန်စရာ ဖြစ်စေခဲ့တယ်လို့ သူမရဲ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အနေနဲ့ သူမရဲ့ဝင်ငွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ သူမရဲ့ကုမ္ပဏီဆီမှ တစ်လကို တရုတ်ယွမ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၅၁၅) ရရှိတယ်လို့ ဆိုပါတယ်။

ကိုရီးယားနှင့်ဂျပန်မှာရတဲ့ သူမရဲ့အနုပညာကြေးကိုလည်း နှိုင်းယှဉ်ပြောပြခဲ့ပါတယ်။ ဂျပန်မှာ သူမရဲ့အခကြေးငွေက မြင့်ပါတယ်။ ဒါပေမဲ့ ကိုရီးယားမှာရတဲ့ အခကြေးငွေက နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကိုရီးယားမှာအလုပ်ပိုလုပ်ဖို့အတွက် စီစဉ်နေတယ်လို့လည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*