Exo အဖွဲ့ဝင် Chen နဲ့ ရုပ်ချင်းတူတဲ့ ဂျပန်မော်ဒယ်မလေး

Arai Manaka လို့ အမည်ရတဲ့ ဂျပန်မော်ဒယ်မလေးဟာ Exo အဖွဲ့ဝင် Chen နဲ့ ရုပ်ချင်းဆင်တာကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ်။

ရုပ်ချင်းတူလွန်းလို့ ပရိသတ်တွေက Exo အဖွဲ့ဝင် Chen က မိန်းကလေးလို ဝတ်စားလိုက်တဲ့အခါ Arai Manaka မော်ဒယ်မလေးဖြစ်လာတယ်လို့ ပြောဆိုမှုတွေရှိလာပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးဟာ အမွှာမောင်နှမလို့တောင် ထင်ရတယ်လို့လည်း ပြောဆိုကြပါတယ်။

မျက်လုံး၊ မျက်ခုံးနှင့် နှာခေါင်းပုံလေးတွေက လုံးဝတူနေတာကို သင်ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*