အမျိုးသမီးတွေကို ရယ်ပြမိလို့ ခင်ပွန်းဖြစ်သူရဲ့ငယ်ပါကို ဖြတ်တောက်ပစ်ခဲ့တဲ့ ဇနီးသည်

တရုတ်နိုင်ငံက အိမ်ထောင်သည် ဇနီးသည်တစ်ဦးဟာ ခင်ပွန်းဖြစ်သူမှ ပြောစကားနားမထောင်သဖြင့် ခင်ပွန်းရဲ့ ငယ်ပါကို လှီးဖြတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
ဂျန်စီးပြည်နယ်မှာ နေထိုင်တဲ့ လီအမည်ရှိအမျိုးသားမှာ မနာလိုအူတိုတတ်လွန်း ဇနီးသည်နဲ့ အတူနေ ထိုင်ခဲ့ပြီးတော့ အဆိုပါ ဇနီးသည်မှာ သူ့အား အခြားအမျိုးသမီးတွေကို မပြုံးပြရန် စကား မပြောရန် အကြိမ်ကြိမ် သတိပေးမှာ ကြားဖူးခဲ့တယ်လို့ သိရပါတယ်။
ခင်ပွန်းဖြစ်သူဟာ အလုပ်အသစ်တစ်ခု ဝင်ရောက်လုပ်ကိုင်ချိန်မှာ ဇနီးဖြစ်သူမှာ သူ့အား မနာလို အူတိုတာတွေ၊ သဝန်တိုတတ် တာတွေဖြစ်ပေါ်ပြီးတော့ အမျိုးသမီး အလုပ်အဖော်တွေနဲ့ စကားမ ပြောဖို့၊ မရီပြဖို့၊ အဆက်အသွယ်မလုပ်ဖို့ကို အကြိမ်ကြိမ်ပြော လာခဲ့တယ်လို့ သိရပါတယ်။ မကြာခဏ ဆိုသလို လင်မယားအချင်းချင်း ကတောက်ကဆနဲ့ အကြိမ်ကြိမ်စကားများ၊ ငြင်းခုန်ရန် ဖြစ်ခြင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။


တစ်နေ့မှာတော့ သူတို့အချင်းချင်း အဆိုပါပြဿနာနဲ့ စကားများအကြီးအကျယ်ရန်ဖြစ်ပြီး အိပ်ရာဝင် သွားပြီး မနက်ခင်းမိုးလင်းမှာတော့ ယောက်ျားလုပ်သူမှာ ပေါင်ခြံနာကျင်မှုဝေဒနာခံစားမိပြီး သတိထား ကြည့်မိတော့အခါမှ ငယ်ပါပြတ်တောက်သွားခဲ့တာကို တွေ့ခဲ့ရ တာပဲဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့် ဆေးရုံသို့အလျင်အမြန်သွားရောက်ပြီး ဆေးကုသမှုခံယူခဲ့ကာ ဆရာဝန်တွေရဲ့ ပြောပြချက်အရတော့ လီရဲ့ ငယ်ပါပစ္စည်းဟာ ပြန်ဆက်နိုင်ခဲ့ပေမယ့် ပြန်လည်ကောင်းမွန်လာဖို့ တော့ စောင့်ဆိုင်းရအုန်းမယ်လို့ဆိုပါတယ်။ သွေးကြောနဲ့ အကြော်တွေပြန်လည်ဆက်ရတာနဲ့ ကြွက်သားနဲ့ အကြောလှုပ်ရှားမှုတွေ ပြန်လည်ကောင်းမွန်လာဖို့တော့ လိုလိမ့်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး စိုးရိမ်စရာတစ်ခုကတော့ အရင်အတိုင်း လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ခံစားမှုလုပ်ဆောင်နိုင်ဖို့တော့ မသေချာ ဘူးလို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ အမျိုးသား လီဟာ အဆိုပါ အမျိုးသမီးရဲ့ ပထမဆုံး ခင်ပွန်းသည်မဟုတ်ဘူးလို့ သိရပြီး ယခင်တုန်းကလည်း ဇနီးသည်မှာ ပထမခင်ပွန်းဖြစ်သူကို ထိုနည်းအတိုင်းပဲ ငယ်ပါ ဖြတ်တောက်ပစ် ခြင်းတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*