အိမ်ထောင်သည်အမျိုးသမီးများ ကလေးမြန်မြန်ရအောင် ဘယ်လိုလုပ်မလဲ

အိမ်ထောင်ပြုပြီးတာနဲ့ ကလေးမွေးတာဟာ မဆန်းပါဘူး ။ သို့သော် ကလေးယူတာဟာ စိတ်ကဆုံးဖြတ်ရုံ ၊ လိုချင်ရုံနဲ့ တန်းမရကြပါဘူး ။ အချို့ကလွယ်သော်လည်း အချို့အတွက်တော့ ခက်ခဲကြပါတယ် ။ ဒါ့ကြောင့် သားသမီး ရတနာ လို့ ရှေးလူကြီးတွေက ပြောခဲ့ကြတာ ဖြစ်ပါလိမ့်မယ် ။ ကလေးမြန်မြန် ရစေမယ့် နည်းလမ်းကောင်းလေးတွေကို အိမ်ထောင်ရှင်မတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။

၁။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ ။ အမျိုးသမီးများ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်းဖြင့် အဆီကျပြီး ကလေးရနိုင်ဖို့အခွင့်အရေးလည်း ပိုများပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကြောင့် သားအိမ်ကိုကျယ်စေပြီး ကလေးရရှိဖို့ အခွင့်အလမ်းများပါတယ် ။ ဒါ့အပြင် အမျိုးသမီးများ ဓမ္မတာစက်ဝန်းအတွက်လည်း ပုံမှန်လည်ပတ်စေပြီး သားအိမ်တွင်မျိုးဥတည်နိုင်ဖို့ကိုလည်း ထောက်ပံ့မှုပေးမှာပါ။ စိတ်ဖိစီးမှုများလျှင်လည်း ကိုယ်ဝန်ရရန် ခက်ခဲတတ်သဖြင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။

၂။ကိုယ်အလေးချိန်လျှော့ချမှုပုံစံကိုပြင်ပါ။ အမျိုးသမီးအများစုသည် ကိုယ်အလေးချိန်လျှော့ရန် အစားရှောင်တတ်ကြပါသည် ။ သစ်သီဝလံများ ၊ ဟင်းသီးဟင်းရွက်များကိုသာ စားပြီး အသားစားခြင်းကို ရှောင်ကြဉ်တတ်သော အကျင့်ကို မပြုလုပ်ပါနှင့် ။ ထိုသို့ ရှောင်ခြင်းကြောင့် လိုအပ်သောဓါတ်တွေ မရရှိဘဲ ကိုယ်ဝန်ရဖို့ အခက်အခဲဖြစ်စေတတ်ပါတယ် ။ အစုံစားပါ။ အထူးသဖြင့် နို့နှင့်နို့ထွက်ပစ္စည်းတွေကို စားသုံးပေးခြင်းက ကျန်းမာသော ကိုယ်အလေးချိန်လျှော့နည်းပါပဲ ။ သံဓါတ် ၊ ကယ်လ်ဆီယမ်ဓါတ် နှင့် မရှိမဖြစ် လိုအပ်သော ဗီတာမင် ၊ အာဟာရများကို စားသုံးပေးပါ။

၃။တရားထိုင်ပြီး စိတ်ဖိစီးမှုတွေလျှော့ပါ ။ စိတ်ဖိစီးမှုများခြင်းဟာ ရုပ်ပိုင်ဆိုင်ရာ ကျန်းမာရေးအတွက်လည်း မကောင်းသလို ကိုယ်ဝန်ရမယ့် အခွင့်အရေးကိုလည်း နည်းပါးစေပါတယ် ။ ဒါ့ကြောင့် ပုံမှန် တရားထိုင်ခြင်း ၊ အသက်ရှူလေ့ကျင့်ခန်း များလုပ်ပြီး stress တွေကို လျှော့သင့်ပါတယ် ။

၎။ဆေးလိပ်၊အရက် ရှောင်ကြဉ်ပါ ။ ကလေးယူဖို့ စဉ်းစားထားသူများအဖို့တော့ ဒီအရာတွေကို ရှောင်ကြည်ရမှာပါ ။ alcohol ပါဝင်သမျှ လုံးဝမသောက်ပါနှင့် ။ ဆေးလိပ် ၊ အရက်

သောက်ခြင်းကြောင့် အမျိုးသားရော အမျိုးသမီးပါ ကလေးရဖို့ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် ။

၅။သားအိမ်တွင် မမျိုးဥတည်နေချိန်တွင် ဆက်ဆံပါ ။ ဒီအချိန်ဟာ မမျိုးဥများ အားကောင်းနေပြီး ကလေးရဖို့ အခွင့်အရေးရဖို့ ပိုများပါတယ် ။ ဘယ်အချိန်မှာ မျိုးဥတည်ခြင်း ( Ovulation ) ဖြစ်လဲဆိုတာကို သဘောပေါက်အောင် ပုံမှာ ကြည့်နိုင်ပါတယ် ။ မိမိရဲ့ ရာသီစက်ဝန်းရက်နဲ့ တွက်ကြည့်ပြီး သိနိုင်ပါတယ် ။ ပုံမှန်အားဖြင့် ရာသီလာပြီး ၅ရက် ၊ ၆ရက်ကြာလျှင် ovulation ဖြစ်ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*