Latest post

ဟောလိဝုဒ်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးသရုပ်ဆောင်တော့မယ့် ကန်ဒေါင်ဝန်

ကိုရီးယားရဲ့ နာမည်ကြီးမင်းသား ကန်ဒေါင်ဝန်ဟာ “Tsunami LA” အမည်ရ ဟောလိဝုဒ်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့် ရတော့မှာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် ပွဲဦးထွက် ဟောလိဝုဒ်ရုပ်ရှင်ကားဖြစ်ပါတယ်။

နောက်ဆုံးကိုရီးယားရုပ်ရှင်ကား ရိုက်ကူးပြီးပြီးချင်းမှာ “Tsunami LA” ဟောလိဝုဒ်ရုပ်ရှင်အတွက် စတင်လုပ်ဆောင်တော့မယ်လို့ ကန်ဒေါင်ဝန်က ထုတ်ဖော်ပြောပြခဲ့တာ ဖြစ်ပါတယ်။ “Tsunami LA” ရုပ်ရှင်ဟာ ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ရေလှိုင်းအကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ “Tomb Raider” နှင့် “Con Air” စတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Simon West က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ကန်ဒေါင်ဝန်က ငါးပြတိုက်မှာအလုပ်လုပ်တဲ့ ရေလွှာလှိုင်းစီးကစားသူအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာလည်း ကိုရီးယားလူမျိုးဖြစ်ပေမဲ့ အင်္ဂလိပ်စကားပြောနဲ့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ “Tsunami LA” ကို ကမ္ဘာတစ်ဝန်းသို့ ၂၀၁၉ ခုနှစ်လောက်မှာ ထွက်ရှိဖို့လျာထားပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*