မိုးစက်ဝိုင်ပါဝင်တဲ့ Kira Kira Japan 2 အစီအစဉ် မြဝတီဒေါ့ကူမန်ထရီမှာ ပြသမည်

မြန်မာနိုင်ငံကိုယ်စားပြု မစ်တစ်ယောက်ဖြစ်တဲ့ အလှမယ် မိုးစက်ဝိုင်က ဂျပန်မြန်မာချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှာရိုက်ကူးထားတဲ့ကီရာကီရာ ဂျပန်အပိုင်း (၂) Kira Kira Japan 2 အစီအစဉ်မှာပါဝင်ထားပြီး မြဝတီ Documentary မှာ ပြသသွားမယ့်အ ကြောင်း ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀းဝ၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Season 1 မှာဆိုရင်လဲ တော်တော်များများကိုရောက်ရှိခဲ့ပါတယ်၊ Season 2 မှာဆိုရင်တော့ မိုးစက်အသေးစိတ်က အစအစားအသောက်ပိုင်း၊ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့သမိုင်းတွေကိုပိုပြီးတော့ လေ့လာဖြစ်ပါတယ်၊ Season 2 မှာဆိုရင်တော့ ဆာမူရိုင်းတွေအကြောင်းကို ဦးနှောက်ထဲမှတ်မှတ် ရရစွဲပြီး ကျန်ခဲ့တယ်၊ သူတို့အချိန်အခါတုန်းက သူတို့ရဲ့ပြတိုက်၊ ရဲတိုက်ကြီးကျရှုံးနေပြီလို့ ထင်ပြီးတော့ သူတို့ ၂၁  ယောက်စလုံးက ကိုယ့်ကိုယ် ကိုသတ်သေသွားတယ်၊ တကယ်တော့ ကျရှုံးတာမဟုတ်ဘူး၊ သူတို့ရဲ့သမိုင်းမှာဆိုရင် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ သမိုင်းကြီးလိုဖြစ်နေ တယ်၊ ဒါကိုတော့ မိုးစက်အစွဲဆုံးပါပဲလို့ အလှမယ်မိုးစက်ဝိုင်ကပြောပါတယ်။
သည်အစီအစဉ်မှာ ဂျပန်နိုင်ငံရဲ့ကြီးကျယ်မြင့်မြတ်သော သမိုင်းကြောင်းတွေ သဘာဝတရားနဲ့ကမ္ဘာပေါ်မှာ ဦးဆောင်ရပ်တည်နေတဲ့ ကုမ္မဏီတွေရဲ့ အကြောင်းတွေကို ရိုက်ကူးထားပြီး ဒေသထွက်အစားအစာတွေရဲ့ အရသာ၊ ဂျပန်ရိုးရာယဉ်ကျေးမှုများစွာကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သည်အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက် စနေနေ့ကစတင်ပြီး ညနေ ၆း၃၀ နာရီမှ ည ၇းဝ၀ နာရီအထိ MWD Documentary ရုပ်သံ လိုင်းမှာ အပတ်စဉ်ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*