Latest post

ကိုရီးယား နာမည်ကျော်အနုပညာရှင်တချို့နှင့် သူတို့ရဲ့ ကြီးမားတဲ့ကောလဟလများ

လူအများအာရုံစိုက်ခံရတဲ့ အနုပညာရှင်ဆိုတာ ကောလဟလနဲ့ မလွတ်ကင်းနိုင်ကြပါဘူး။ ဒါပေမဲ့ တချို့ကောလဟလတွေက သူတို့ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်လောက်အောင် ဆိုးရွားပြင်းထန်ပါတယ်။ ဘယ်အနုပညာရှင်တွေရဲ့ ဘယ်လိုကောလဟလတွေလဲ ဆိုတာကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

 

၁) ရိန်း

အချစ်စံအိမ် လီယောင်ဂျေးလို့ လူသိများတဲ့ရိန်းနဲ့ ပတ်သက်ပြီး ထွက်ခဲ့တဲ့ကောလဟလကတော့ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ခဲ့ပါတယ်။ ရိန်းရဲ့ ကိုယ်လုံးတည်းဓာတ်ပုံတွေ အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ မူရင်းပုံတင်သူက အဲ့ဒီဓာတ်ပုံတွေက မင်းသမီးကင်တေဟီးရဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းမှ ရရှိခဲ့တဲ့ပုံလို့ဆိုပါတယ်။ နောက်ပိုင်းမှာ အဲ့ဒီဓာတ်ပုံတွေဟာ ရိန်းရဲ့ဓာတ်ပုံတွေမဟုတ်ဘဲ သူနဲ့တူတဲ့သူသာဖြစ်ကြောင်း အဖြစ်မှန်ထွက်ရှိလာခဲ့ပါတယ်။

 

 

 

၂) 4minute အဖွဲ့ဝင် HyunA နှင့် Jang Hyunseung

သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့တဲ့ ကောလဟလကတော့ 4minute အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ HyunA ဟာ Cube Entertainment ရဲ့အဆိုတော် Jang Hyunseung နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း Cube Entertainment က ကြေညာလိုက်ပြီလို့ သတင်းထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ လုပ်ကြံသတင်းဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

 

၃) 2NE1 အဖွဲ့ဝင် Park Bom

ပလက်စတစ်ဆာဂျရီကိစ္စအပါအဝင် မကြာခဏဆိုသလို ကောလဟလတွေ ထွက်ရှိတတ်တဲ့ 2NE1 အဖွဲ့ဝင်ဖြစ်သူ Park Bom ရဲ့ ကြီးမားတဲ့ကောလဟလကတော့ သူမဟာ တရားမဝင် စိတ်ကြွဆေးသုံးစွဲနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီကောလဟလဖြန့်ဝေခဲ့သူတွေကို YG Entertainment က တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခဲ့ရပါတယ်။

 

၎) Han Seungyeon

အဆိုတော်သရုပ်ဆောင် Han Seungyeon ဟာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ် ဖြောင့်ဖြူးအောင် ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ လူကြီးတွေကို သွေးဆောင်ဖျားယောင်းနေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလဟလက ၂၀၁၃ခုနှစ်ကထွက်ရှိခဲ့ပြီး သူမမိဘတွေတောင် သတိထားမိခဲ့ကြပါတယ်။

 

၅) IU

IU ဟာ နာမည်ကျော် ယောကျာ်းလေး အဆိုတော်အဖွဲ့ဝင်တစ်ဦးနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ ကောလဟလက ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ သူမက ကောလဟလကို စုံစမ်းဖော်ထုတ်စေခဲ့တာကြောင့် တရားခံကို ဖမ်းစီးနိုင်ခဲ့ပါတယ်။

 

၆) Sulli

၂၀၁၄ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ မင်းသမီး Sulli မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းဟာ သူမပရိသတ်တွေကို အံ့သြထိတ်လန့်စေခဲ့ပါတယ်။ သူမကိုကိုယ်ဝန်ဆောင်ဆေးခန်းမှာ တွေ့ရှိခဲ့တယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလဟလဟာ နောက်ပိုင်းမှာတော့ သူ့အလိုလို ပျောက်ကွယ်သွားခဲ့ပါတယ်။

 

 

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*