Latest post

ကာဒါရှီယန်ညီအစ်မများ၏ မိခင်က သမီးများ၏ ချစ်သူများကို လိုက်နာရမည့်စည်းကမ်းချက် စာမျက်နှာ ၁၀၀ ကျော်ပါ စာချုပ် လက်မှတ်ထိုးခိုင်း

နာမည်ကျော် ကာဒါရှီယန်ညီအစ်မ ၅ ဦးတို့၏မိခင် အသက် ၆၂ နှစ်အရွယ်ရှိ ခရစ္စ ဂျင်းနာက သမီးများ၏ ချစ်သူယောက်ျားလေးများကို လိုက်နာရမည့်စည်းကမ်းချက် စာမျက်နှာ ၁၀၀ ကျော်ပါ စာချုပ် (NDA) တစ်ခုကို လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

(အလယ်မှ အမျိုးသမီးမှာ ခရစ္စဂျင်းနာ ဖြစ်သည်)

NDA – non-disclosure agreement ဟူသည်မှာ လျှို့ ဝှက်ချက်များ ဖွင့်ထုတ်မပြောရေး သဘောတူစာချုပ်ဖြစ်ပြီး ရှေ့ နေနှင့် အမှုသည်၊ ဘဏ်နှင့် ဖောက်သည်တို့အကြား ချုပ်ဆိုလေ့ရှိကြသော စာချုပ်မျိုးဖြစ်သည်။

ခရစ္စဂျင်းနာက အဆိုပါယောက်ျားလေးများကို ၎င်း၏ သမီးများနှင့် လမ်းခွဲခဲ့မည်ဆိုပါက မီဒီယာများသို့ လျှို့ ဝှက်ချက်များ ထုတ်မပြောရန် ၊ မကောင်းမပြောရန် ချုပ်နှောင်လိုက်ခြင်းလည်း ဖြစ်သည်။

(ကင်ဒဲဂျင်းနာ၏ ချစ်သူမှာ သြစတေးလျ NBA ကစားသမား ဘင် ဆိုင်မွန်စ် ဖြစ်သည်)

လက်ရှိအားဖြင့် ကင်မ်ကာဒါရှီယန်၊ ကော့တ်နေးကာဒါရှီယန်၊ ခလိုကာဒါရှီယန်တို့၏ ချစ်သူများကို လက်မှတ်ထိုးရန် ခရစ္စဂျင်းနာက ဖိအားပေးလျက်ရှိသည်ဟု ဆိုသည်။

(ကိုင်လီဂျင်းနာနှင့် ချစ်သူ ထရာဗစ် စကော့ထ်)

Calabasas, CA - Kylie Jenner and Travis Scott hold hands as they head in to Polacheck's for some shopping a few days after her 21st birthday. Could the pair be looking to finally tie the knot? Pictured: Kylie Jenner, Travis Scott BACKGRID USA 13 AUGUST 2018 BYLINE MUST READ: IXOLA / BACKGRID USA: +1 310 798 9111 / usasales@backgrid.com UK: +44 208 344 2007 / uksales@backgrid.com *UK Clients - Pictures Containing Children Please Pixelate Face Prior To Publication*

ခရစ္စဂျင်းနာက သမီးများ၏ ချစ်သူများ လိုက်နာရမည့် စည်းကမ်းချက်စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး စာမျက်နှာ ၁၀၀ ကျော်ပါဝင်ကာ ချစ်သူယောက်ျားလေးများအနေဖြင့် မည်သည့်အချက်များ ပြုလုပ်ခွင့်ရှိသည်၊ မည်သည့်အချက်များ ပြုလုပ်ခွင့်မရှိဟု အသေးစိတ်ရေးသားထားသည်ဟု ဆိုသည်။

(ခလိုကာဒါရှီယန်နှင့် ထရစ္စတန် သွမ်ပ်ဆင်)

Related image

စည်းကမ်းချက်များထဲတွင် ချစ်သူသက်တမ်းအတွင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံ၊ ဗွီဒီယိုတို့၏ မူပိုင်ခွင့်များလည်း ရယူထားသည်ဟု ဆိုသည်။

ကာဒါရှီယန်ညီအစ်မများက ယခုသဘောတူညီချက်ထားရှိမှုကို သိရှိကြသည်။ လက်မှတ်မထိုးသူသည် ကာဒါရှီယန်ညီအစ်မများနှင့် ချိန်းဆိုတွေ့ဆုံခွင့်မရှိဟု ဆိုသည်။

လက်ရှိအားဖြင့် ကာဒါရှီယန် ညီအစ်မများ၏ အချစ်ရေးလမ်းခရီးမှာ ဖြောင့်ဖြူးသာယာလျက်ရှိနေသည်။

(ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်)

Image result for kim kardashian and kanye west

ကင်မ်ကာဒါရှီယန်မှာ ကင်ညေးဝက်စ်နှင့် လက်ထပ်ထားပြီး ခလိုကာဒါရှီယန်မှာ ထရစ္စတန် သွမ်ပ်ဆင်၊ ကိုင်လီဂျင်းနာမှာ ထရာဗစ် စကော့ထ်နှင့် ကင်ဒဲလ်ဂျင်းနာမှာ NBA ကစားသမား ဘင် ဆိုင်မွန်စ်နှင့် ချစ်ကြိုက်လျက်ရှိကြသည်။

Cherie (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*