iPhone X ရဲ့ notch ဒီဇိုင်းနဲ့ in-display sensor ကိုသုံးထားတဲ့ တရုတ်ဖုန်း Doogee V

မကြာတော့တဲ့ အချိန်မှာ iPhone X ရဲ့ notch ဒီဇိုင်းနဲ့ တရုတ်ဖုန်း Doogee V ထွက်ရှိလာပါတော့မယ်။ Doogee V ကိုကြည့်ရတာ iPhone X နဲ့တော်တော်လေးဆင်ပါတယ်။ ရှေ့ဘက် notch, အောက်ဘက်မှာလည်း ဘောင်သိပ်မရှိသလောက်ပဲဖြစ်ပြီး ကျောဘက်မှာလည်း ကင်မရာတွေကိုဒေါင်လိုက် တပ်ဆင်ထားပြီး ဖုန်းရဲ့ကျောဘက်မှာလည်း fingerprint sensor ကိုမတွေ့ရပါဘူး။

ဒါ့အပြင်  Doogee V ဖုန်းမှာ Face ID မဟုတ်ဘဲ screen ထဲမှာမြှုပ်ထားမယ့် in-display fingerprint sensor ကိုသုံးမှာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကပဲ in-display sensor ကိုသုံးထားတဲ့ဖုန်းတွေမိတ်ဆက်ခဲ့ပြီး အခုလည်း Synaptics က တခြားကုမ္ပဏီတွေကို ဒီ sensor တွေရောင်းချသွားမှာဖြစ်လို့ ဖုန်းတွေတော်တော်များများမှာတွေ့လာနိုင်ချေရှိနေပါတယ်။

သူ့မှာ Fingerprint sensor သုံးထားခြင်းကတော့ Doogee မှာ Face ID နည်းပညာမရှိသေးလို့ပါပဲ။ Face ID မသုံးဘဲနဲ့ ထိပ်ဖက် notch ကိုထည့်တယ်ဆိုတာကတော့ ဒီဇိုင်းတုပချင်လို့ပဲ ဖြစ်နိုင်ပါတယ်။ Notch ကဘာမှ သုံးစွဲလို့ မရနိုင်လောက်ပါဘူး။ သူ့မှာ USB-C နဲ့ နားကြပ်ပေါက်လည်း ပါပါတယ်။

ဈေးနှုန်းတွေနဲ့ ဘယ်မှာရနိုင်မယ်ဆိုတာကတော့ ခုထိမကြေညာသေးသလို ဘာ spec မှလည်း မသိရသေးပါဘူး။ 6.2-inch display ဆိုတာလေးတစ်ခုပဲသိရပြီး ဖုန်းပုံစံကလည်း Doogee ရဲ့ ဒီနေ့ကြေညာလိုက်တဲ့ teaser မှာ တွေ့မြင်ရပါပြီ။ ဖုန်းနဲ့ပတ်သတ်တဲ့အသေးစိတ်ကိုတော့ ဖေဖော်ဝါရီ ၂၇ရက်နေ့မှ Doogee က တရားဝင်ဖော်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*