ခွေးလေးတွေဆီက သင်ယူနိုင်တဲ့ ဘဝသင်ခန်းစာ ၅ချက်

နေ့စဉ် လူနေမှုဘဝမှာ အခက်အခဲတွေ ၊ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ စိတ်ဖိစီးမှုတွေကလည်း မကြာခဏဆိုသလို ရှိနေပြန်ရော။

တစ်ခါတစ်ရံမှာ လူသားတွေအနေဖြင့် ခွေးလေးတွေကိုကြည့်ပြီး ဘဝအတွက် နေထိုင်မှုမှာ သင်ယူသင့်တဲ့ သင်ခန်းစာလေးတွေ ရှိနေပါတယ်။

၁။ညီမျှတယ်

ကျွန်ုပ်တို့အနေဖြင့် မိဘ၊မိသားစု၊ချစ်သူ၊ဆွေမျိုး၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်တွေအပေါ် blalanceညီညီ ပေါင်းသင်းဆက်ဆံပြုမူဖို့ဆိုတာ အင်မတန်ခက်တတ်ပါတယ်။ ဘဝမှာရုန်းကန်လှုပ်ရှားရင် မိသားစုအပေါ် လစ်ဟင်းတာ၊ မိသားစုကိုအချိန်ပေးရင်း သူငယ်ချင်း၊အလုပ်အကိုင်ဘက်မှာ ပျက်ကွက်သွားတာမျိုးတွေဟာ အမြဲရှိနေတတ်ပါတယ်။ ဘဝမှာ နေပျော်ဖို့အတွက် အရာရာမှာ balance ညီညီရှင်သန်ဖို့ လိုပါတယ်။ သို့သော် ခွေးလေးတွေကတော့ သူတို့ဘဝမှာ မေတ္တာကိုသာ အလိုရှိတတ်ပြီး မေတ္တာပေးတဲ့သူအပေါ်  တန်ပြန် မေတ္တာထားတတ်ပါတယ်။ ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းနေတတ်တာ ဘယ်လောက်ကောင်းလိုက်သလဲ။

၂။သစ္စာရှိတယ်

သင်ဟာခွေးလေးတစ်ကောင်ကို အစာကျွေးတာ (သို့) ကစားဖော်ဖြစ် နေပေးတာတွေ ပြုလုပ်မယ်ဆို အဲ့ဒိခွေးလေးက သင့်ကို ဘယ်တော့မှ မမေ့မလျော့ဘဲ သင့်နားမှာ အမြဲရှိနေတော့မှာပါ။ ခွေးလေးတွေနှင့် သစ္စတရားဟာ အမြဲဒွန်တွဲမြင်နေရတဲ့အရာဖြစ်ပြီး တစ်ခါတစ်ရံ ကျွန်ုပ်တို့လို လူသားတွေအပေါ် သစ္စာထားတတ်အောင် လမ်းပြပေးနေပါတယ်။

၃။နေပျော်တယ်

ခွေးလေးတွေဟာ ဘဝမှာ နေတတ်ပျော်တတ်အောင်လို့လည်း သင်ပြပေးပါတယ်။ သူတို့ဟာ အတိတ်ကိုတွေးပြီး စိုးရိမ်မနေသလို အနာဂတ်ကိုတွေးပြီးလည်း ကြောင့်ကြမနေပါဘူး။ လက်ရှိအချိန်မှာ အကောင်းဆုံး နေထိုင်စားသောက်ပြုမူကြပါတယ်။ ဘယ်လောက်တောင် စိတ်ဖိစီးမှုကင်းလိုက်မလဲနော်။ လူသားတွေလည်း တစ်ခါတစ်ရံမှာ အဲ့လိုနေသင့်တယ်လို့ မထင်ဘူးလား။ အတိတ်ကိုပြန်တွေးပြီး နာကြင်မနေသင့်သလို အနာဂတ်အတွက်လည်း စိုးရိမ်ကြောင့်ကြမှုတွေ များမနေသင့်ဘူး။ လက်ရှိအချိန်မှာပဲ အကောင်းဆုံးနေထိုင်ပြုမူသွားမယ်ဆို အနာဂတ်က သူ့အလိုလိုလှပမှု ရှိနေမှာပါ။

၎။ဖြစ်ချင်တာကိုသိတယ်

ဒါဟာလည်း ခွေးလေးတွေဆီမှာ တွေ့ရတဲ့ အကောင်းဆုံးအရာတစ်ခုပါပဲ။ သူတို့ဟာ ဗိုက်ဆာတဲ့အခါ မီးဖိုချောင်သွားပြီး ဟောင်ကာအစာတောင်းမယ်၊ ကစားချင်တဲ့အခါ အရုပ်တွေနဲ့ ကိုက်ပြီးကစားမယ် ၊ ဝမ်းနည်းမပျော်တဲ့အခါ တစ်ကောင်တည်းထိုင်နေမယ် ။ သူတို့ဘာဖြစ်ချင်တယ်ဆိုတာကို သိပြီး ရိုးရှင်းစွာပဲ ဖြေရှင်းကြတယ်။ လူတွေရော အဲ့လို ရိုးရိုးရှင်းရှင်းပဲ ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖြေရှင်းသင့်ဘူးလား။ ဘာလို့်ဝေ့ဝိုက်နေဦးမှာလဲ??

၅။ပြုံးစေတယ်

သူတို့ရဲ့ အပြုအမူတွေ၊နေထိုင်ပုံတွေ၊သိတတ်ပုံတွေက လူတွေကို တစ်ခဏတော့ ပြုံးရယ်မှု ပေးစွမ်းပါတယ်။ နေ့စဉ်ဘဝမှာလည်း ကျွန်ုပ်တို့အနေဖြင့် ကိုယ့်ကြောင့် တစ်ပါးသူပြုံးရယ်သွားတယ်ဆို စိတ်မချမ်းသာရဘူးလား။ တစ်ပါးသူကို ပြုံးရယ်စေခြင်းဖြင့် ကိုယ်တိုင်လည်း ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

CHAN (ရွှေအင်းလေး)

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*