ပထမဆုံး ကိုယ်ပိုင် Website ကို စတင်တည်ထောင်လိုက်တဲ့ မင်းသား Lee Dong Wook

တောင်ကိုရီးယားရဲ့ မင်းသာချောကြီး Lee Dong Wook ဟာ သူ့ရဲ့ ပရိသတ်တွေနဲ့ ယခုအချိန်အထိ လူမှုကွန်ယက်များမှ ဆက်သွယ်ပြောဆိုခဲ့ရာမှာ ယခုအခါမှာ သူ့ရဲ့ ကိုယ်ပိုင် ဝဘ်ဆိုဒ်ကို စတင်တည်ထောင်လိုက်ပြီလို့ သိရပါတယ်။

Image result for lee dong wook

ဝဘ်ဆိုဒ်အမည်ကတော့ (www.leedongwook.co.kr) ဖြစ်ပြီး ဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်းကို စိတ်လှုပ်ရှားလျက်ရှိတယ်လို့ သိရပါတယ်။

ဒီဝဘ်ဆိုဒ်မှာဆိုလျှင်တော့ Lee Dong Wook ရဲ့ up to date သတင်းတွေ၊ ဗီဒီယိုတွေ၊ message တွေကို တင်ပေးသွားမှာဖြစ်လို့ Fan တွေအတွက်တော့ ပိုပြီး ကျေနပ်စရာကောင်းမှာပါ။ ပြည်တွင်းအတွက်သာမက နိုင်ငံတကာမှာ ရှိတဲ့ ပရိတ်သတ်တွေကလည်း ဒီဝဘ်ဆိုဒ်မှတဆင့် သူနှင့် သူ့အေဂျင်စီကိုပါ ဆက်သွယ်ပြောဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

Related image

ယခုလောလောဆယ်မှာတော့ ဝဘ်ဆိုဒ်ထဲမှာ ပြုပြင်မှုတွေ ရှိနေသေးလို့ ဝင်ရောက်ကြည့်ရှုတဲ့အခါ အချို့ error လေးများ ရှိနိုင်လို့ အနူးအညွတ်တောင်းပန်ကြောင်း Lee Dong Wook မှ ပြောကြားထားပါသေးတယ်။

main

ကဲ မင်းသားရဲ့ နိုင်ငံတကာက ပရိသတ်တွေ သူ့ဝဘ်ဆိုဒ်ကနေတဆင့် ဆက်သွယ်လို့ရပြီဆိုတော့ ပျော်စရာပဲပေါ့နော်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*