ပြည့်စုံတဲ့ ကင်မရာစွမ်းဆောင်ချက်တွေနဲ့ LG G6

LG ဟာ G6 ရဲ့ကင်မရာပိုင်းကို အရင်ကထွက်ရှိခဲ့ထက် စမတ်ဖုန်းတွေထက်သာ လွန်ကောင်းမွန်အောင်အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ LG ဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကျောဘက်ကင်မရာနှစ်ခုစနစ်ကို ဖန်တီးထားပါတယ်။ မြင်ကွင်းကျယ် ဓာတ်ပုံများကို အလွယ်တကူ ရိုက်ကူးနိုင်မယ့်အပြင် ဓာတ်ပုံအရည်အသွေးကလည်း iPhone 7 ၊ Galaxy S8 တို့ထက် ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။

ကျောဘက်ကင်မရာနှစ်ခုစနစ်က 13MP+13MP ဖြစ်ပြီး ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ 5MP ဆိုပြီး နည်းတယ်လို့ မယူဆလိုက်ပါနဲ့။ Selfie ချစ်သူများ စိတ်ကျေနပ်မှု အပြည့်ရရှိအောင် လုပ်ဆောင်ထားပါတယ်။ 4K Video တွေကို ရုပ်ထွက်ကောင်းအောင် ရိုက်ကူးနိုင်ပါတယ်။LG ဟာ အကောင်းစား ဓာတ်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင်အောင် အကောင်းဆုံး စိတ်ကူးသန်းများနှင့် ဖန်တီးထားတာ တွေ့ရပါတယ်။ Slow-Motion ဗီဒီယိုက အင်မတန်ရိုးရှင်းကောင်းမွန်ပါတယ်။ ဒါ့အပြင် Timelapes ဗီဒီယိုကလည်း ရိုးရှင်းကောင်းမွန်ပါတယ်။

LG ဟာ အစားအသောက် ဓာတ်ပုံများကို ရိုက်ကူးမှုကိုလည်း အထူးအားစိုက်လုပ်ဆောင်ထားပါတယ်။ ဒီအချက်ကတော့ Facebook အစရှိတဲ့ လူမှုကွန်ယက်မှာ အစားအသောက်ပုံတွေ ခဏခဏ တင်လေ့ရှိသူတွေအတွက် အကြိုက်တွေ့စေပါမယ်။ သင့်အနေနဲ့ ၃၆၀ ဒီဂရီဓာတ်ပုံရိုက်ကူးနိုင်မယ့် စနစ်တစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။ ခရီးသွားလေ့ရှိသူများအတွက် ၃၆၀ ဒီဂရီ Panorama ရိုက်ကူးနိုင်မယ့်စနစ်လည်း ပါဝင်ပါတယ်။

အခြားစွမ်းဆောင်ချက်တွေအနေနဲ့ G6 မှာ Android 7.0 (Nougat) Version Onboard အနေနဲ့ပါဝင်မှာဖြစ်ပြီး စမတ်ဖုန်းအသုံးပြုတဲ့အခါ  မြန်ဆန်စေဖို့အတွက် အထောက်အပံ့ပေးထားတာကတော့ Qualcomm Snapdragon 821 ဖြစ်ပါတယ်။ CPU အနေနဲ့ Quad Core  (2×2.35 GHz Kryo & 2×1.6 GHz Kryo) အသုံးပြုထားပါတယ်။ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ရရှိအောင် အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Adreno 530 ဖြစ်ပါတယ်။ Screen Resolution 1440 x 2880 Pixels ရှိတဲ့ LG G6 မှာ Dolby Vision HDR အထောက်အပံ့ပေးထားတာကြောင့် ဖုန်းနဲ့ Video ကြည့်တဲ့အခါ ရုပ်ထွက်ကောင်းမွန်စေမှာပါ။ Built In RAM 4GB ပါဝင်ပြီး Onboard Storage အနေနဲ့ 32 GB ပါဝင်မှာဖြစ်ပါတယ်။

Built In ပါဝင်တဲ့ Memory ကိုမှ ထပ်တိုးအသုံးပြုချင်တယ်ဆိုရင်တော့ 256GB ထိတိုးမြှင့်အသုံးပြုနိုင်ပါတယ်။ဒါ့အပြင် Wifi 802.11ac ၊ Bluetooth 4.2 ၊ Near Feature Communication ၊ GPS နဲ့ Wireless Charging တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ USB Port 3.1 ၊ Type-C Reversible Connector တို့ပါတဲ့အပြင် လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Fingerprint Sensor ကိုပါထည့်သွင်းပေးထားပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*