ရေစိုဒဏ်ခံနိုင်စွမ်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ LG G6

ကိုရီးယားစမတ်ဖုန်းဖြစ်တဲ့ LG G6 မှာ ဘောင်ပျောက် မျက်နှာပြင်ကိုမြင်တွေ့ရမယ့်အပြင် ကင်မရာစွမ်းရည်ကောင်းမွန်တာကြောင့် အကောင်းဆုံးစမတ်ဖုန်း တစ်ခု အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း ၅.၇ လက်မရှိပြီးရှည်လျားတဲ့ မျက်နှာပြင် အချိုးအစားကတော့ 18:19 ဖြစ်ပါတယ်။ LG မှာ Android 7.0 (Nougat) Version Onboard အနေနဲ့ပါဝင်မှာဖြစ်ပြီး စမတ်ဖုန်းအသုံးပြုတဲ့အခါ  မြန်ဆန်စေဖို့အတွက် အထောက်အပံ့ပေးထားတာကတော့ Qualcomm Snapdragon 821 ဖြစ်ပါတယ်။

စမတ်ဖုန်းနောက်ကျာဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး 13 Megapixels ရှိပါတယ်။ ပုံရိပ်တွေကိုထိန်းညှိပေးနိုင်ပြီး F/1.8 Aperture နဲ့ F/2.4 Aperture ပါတာကြောင့် ထောင့်ကျယ်မြင်ကွင်းတွေကို အပြည့်အ၀ ရအောင် ရိုက်ကူးနိုင်ပါတယ်။ Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5 Megapixels ရှိပြီး f/2.2 နဲ့ 1080p ရှိပါတယ်။ 4K Video တွေကို ရုပ်ထွက်ကောင်းအောင် ရိုက်ကူးနိုင်ပါတယ်။ Mode ထဲကိုဝင်ရောက်ပြီးတော့လည်း မိမိနှစ်သက်ရာ ပုံစံနဲ့ ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။

G6 ရဲ့ 3300mAh ရှိတဲ့ Battery ဟာတော်တော်ကောင်းပါတယ်။ နာရီဝက်အားသွင်း လိုက်ရုံနဲ့ Battery 30 ရာခိုင်နှုန်းအထိရနိုင်ပြီး တစ်နာရီ ၂၅မိနစ် လောက်အားသွင်းရုံနဲ့ ၁၀၀ ရာခိုင်နှုန်းပြည့်မှာပါ။ ဒါ့အပြင် Wifi 802.11ac ၊ Bluetooth 4.2 ၊ Near Feature Communication ၊ GPS နဲ့ Wireless Charging တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ USB Port 3.1 ၊ Type-C Reversible Connector တို့ပါတဲ့အပြင် လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Fingerprint Sensor ကိုပါထည့်သွင်းပေးထားပါတယ်။  RAM 4GB ပါဝင်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအနေနဲ့ 32 GB ပါဝင်မှာဖြစ်ပါတယ်။  ဖုန်းအသုံးပြုသူတွေ မတော်တဆ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ဖို့အတွက် စမတ်ဖုန်းမျက်နှာပြင်အရှေ့ဘက်ကို အကာကွယ်ပေးထားတာကတော့ Corning Gorilla Glass ၅ ဖြစ်ပြီး LCD Type ကတော့ IPS LCD Capacitive Touchscreen အမျိုးအစားဖြစ်ပါတယ်။

LG အနေနဲ့ G6 ရဲ့အကြမ်းခံနိုင်စွမ်းနဲ့ ရေစိုဒဏ်ခံနိုင်စွမ်းအတွက် IP68 rating ကိုထည့်ပေးထားပါတယ်။ ဖုန်းရဲ့အကြမ်းခံနိုင်စွမ်းအတွက် စစ်ဘက်ဆိုင်ရာအဆင့် ၁၄မျိုးနဲ့ စမ်းသပ်ထားတာဖြစ်ပါတယ်။ ဒီစမ်းသပ်မှု တွေထဲမှာ အပူချိန်၊သဘာဝပတ်ဝန်းကျင်ဒဏ်၊ ဖိအားတုန်ခါမှုနဲ့ဆောင့်မိတာ ခံနိုင်စွမ်း၊ ဆား၊သဲ၊မြေမှုန်နဲ့ ရေနစ်မြုပ်ခြင်းဆိုတဲ့ ဒဏ်ခံနိုင်မှုတွေမှာ စစ်ဘက်ဆိုင်ရာအဆင့် 810G ထိစမ်းသပ်အောင်မြင် ထားတာဖြစ်ပါ တယ်။ ရေစိုဒဏ်အဆင့် စမ်းသပ်မှုမှာတော့ IP 6X၊ IP X8၊ IP X5 အဆင့်သတ်မှတ်မှုတွေမှာ အကောင်းဆုံး ဖြစ်နေပါတယ်။ ရေအောက်အနက် တစ်မီတာခွဲမှာ မိနစ် ၃၀ကြာ အထားခံနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Dual ကင်မရာကို အသုံးပြုပြီး ရေအောက်ဓာတ်ပုံ ရိုက်ကူးလိုသူတွေအတွက်သာမက၊ ကမ်းခြေမှာ အလှဓာတ်ပုံ ရိုက်လို သူတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ G6 အတွက်ရေစိုဒဏ်ခံနိုင်မှု စမ်းသပ်ချက်အရ ရေအောက် ၃မီတာအနက်၊ ရေဖိအား 30kPa မှာ 12.5L/min လောက်ထားကြည့်လိုက်တဲ့ အခါမှာ ရေစိုဒဏ်အန္တရယ် သက်ရောက်ခြင်းမရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် G6 ဟာဘယ်လိုနေရာမျိုးမှာ မဆိုသယ်ဆောင် အသုံးပြုနိုင်တဲ့ ဖုန်းအဖြစ်သတ်မှတ်နို်င်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*