စာအုပ်ဆိုင်ဝန်ထမ်းတွေရဲ့ အမိုက်စားဓာတ်ပုံဖန်တီးမှု

သင့်ဆီမှာ စာကြည့်တိုက် ဒါမှမဟုတ် စာအုပ်ဆိုင်မှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတွေ ရှိသလား။ သူတို့တွေ အားတဲ့အချိန်တွေမှာ ဘာတွေလုပ်ကြမယ်ထင်လဲ။ လူတိုင်းကတော့ ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အားလပ်ချိန်လေးမှာ မိမိဝါသနာပါတဲ့ ပျော်စရာလေးတွေကို ပြုလုပ်တတ်ကြတာပါပဲ။

အခုဖော်ပြပေးမှာကတော့ ပြင်သစ်နိုင်ငံရှိ Librairie Mollat အမည်ရ စာအုပ်ဆိုင်တစ်ဆိုင်က ဝန်ထမ်းတွေရဲ့ အားလပ်ချိန်မှာ ပြုလုပ်ဖန်တီးထားတဲ့ ဓာတ်ပုံလေးတွေဖြစ်ပါတယ်။ စာအုပ်အဖုံးဒီဇိုင်းအလိုက် တီထွင်ဖန်တီးမှုကောင်းတဲ့ ဓာတ်ပုံတွေကြောင့် စာအုပ်ဆိုင်ရဲ့အင်စတာဂရမ်အကောင့်မှာ follower ၅၄၀၀ ကျော်ကတောင် စောင့်ကြည့်အားပေးမှုတွေရှိလာပါတယ်။ ဓာတ်ပုံလေးတွေကို ကြည့်လိုက်ရအောင်… ဓာတ်ပုံကြည့်ပြီးရင် စာအုပ်ဆိုင်နှင့် စာကြည့်တိုက်တွေမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကို အကြံပေးလိုက်ပါဦး။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*