မိတ်ကပ်ကြာရှည်မခံရခြင်းရဲ့ အကြောင်းအရင်းများ

မိတ်ကပ်ကြာရှည်မခံတာက မိမိအသုံးပြုလိုက်တဲ့ မိတ်ကပ်Brandကြောင့်လည်းဖြစ်နိုင်သလို၊ မိမိပင်ကိုယ်အသားအရေကိုက မိတ်ကပ်ကွက်တတ်တာမျိုးလား ဆိုတာကို သိထားဖို့တော့ လိုပါတယ်။ မိတ်ကပ်ဘာကြောင့် မခံတာလဲ၊ တစ်နေကုန်ဘာ့ကြောင့် မစွဲတာလဲ၊ ဘာ့ကြောင့်ပျက်လွယ်တာလဲဆိုတာကို သိချင်နေကြတဲ့ ပျိုမေလေးတွေအတွက် ဘယ်လိုအချက်တွေကြောင့် မိတ်ကပ်ကြာရှည်မခံရတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါနော။်

(၁) Cleansing မလုပ်ဘဲမိတ်ကပ်မလိမ်းပါနဲ့။

မိတ်ကပ်လိမ်းတော့မယ်ဆိုတာနဲ့ မျက်နှာကသန့်ရှင်းနေဖို့တော့ လိုပါမယ်။ မျက်နှာအဆီပြန်နေတာ၊ မျက်နှာမကြည်လင်တာတွေက မိတ်ကပ်ကွက်နိုင်ချေများသွားပါပြီ။ ဒါ့ကြောင့် မိတ်ကပ်မလိမ်းခင်မှာ မျက်နှာကို သေချာသစ်ပေးပါ။ ပြီးရင်တော့ ရေခဲတုံးလေးနဲ့ မျက်နှာကို၅မိနစ်ခန့်ပွတ်တိုက်ပေးပါ။ ရေခဲတုံးလေးနဲ့ မျက်နှာကို ပွတ်တိုက်ပေးတာက အရေပြားပေါ်က ဆဲလ်သေများကို ဖယ်ရှားပေးတာကြောင့် မိတ်ကပ်လိမ်းလိုက်တဲ့အခါမှာ အသားအရေကြည်ကြည်လင်လင်လေးနဲ့ မိတ်ကပ်ကကြာရှည်ခံမှာပါ။ ဒီလိုမဟုတ်ဘဲ မိတ်ကပ်မလိမ်းခင် တိုနာကိုအသုံးပြုပြီး မျက်နှာကို cleansing လုပ်ပေးရင်လည်း ရပါတယ်နော်။

(၂) Moisturizer လိမ်းဖို့မမေ့ပါနဲ့။

မိတ်ကပ်ကြာရှည်ခံဖို့အတွက် Moisturizer လိမ်းရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ကပ်မလိမ်းခင်မှာ အစိုထိန်းခရင်မ် ဒါမှမဟုတ် Moisturizer ကိုအောက်ခံအနေနဲ့ လိမ်းပြီးမှ မိတ်ကပ်လိမ်းဖို့ အကြံပြုပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ မိတ်ကပ်သားက အသားအရေပေါ်ကို တိုက်ရိုက်မထိတွေ့စေဘဲ Moisturizer တစ်ထပ်ခံထားတာကြောင့် အသားအရေပျက်စီးခြင်းကို လျော့ပါးစေမှာပါ။ မိတ်ကပ်တိုက်ရိုက်ထိပါများတဲ့ အသားအရေက အချိန်ကြာလာတဲ့အခါမှာ အသားအရေပျက်စီးလွယ်တာကြောင့် မိတ်ကပ်မစွဲခြင်း၊ မိတ်ကပ်ကြာရှည်မခံခြင်းမျိုး စတဲ့ပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် မိတ်ကပ်မလိမ်းခင် အောက်ခံ Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့နော်။

(၃) Foundation ရွေးချယ်မှုမှားယွင်းခြင်း

မိမိအသားရေ skin type က အဆီပြန်တဲ့အသားအရေလား၊ ခြောက်သွေ့တဲ့အသားအရေလား၊ sensitive ဖြစ်တဲ့အသားအရေလားဆိုတာကို သေချာသိဖို့ လိုပါတယ်။ မိမိအသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ foundation ကိုသေချာရွေးချယ်အသုံးပြုမှ မိတ်ကပ်ကြာရှည်မခံခြင်းနဲ့ အသားအရေပြဿနာများကို ရှောင်ရှားနိုင်မှာပါ။ မိန်းကလေးတော်တော်များများက နာမည်ကြီးဘရန်းများကို ဝယ်သုံးရုံနဲ့ အသားအရေမပျက်စီးတော့ဘူးလို့ ထင်မှတ်နေကြပါတယ်။ အမှန်တကယ်တော့ အဆီပြန်တဲ့အသားအရေအတွက် water base foundation ကိုရွေးချယ်သင့်သလို၊ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်များအတွက်တော့ Oil base foundation ကအသင့်တော်ဆုံးပါပဲ။

(၄) မိတ်ကပ်လိမ်းတဲ့အခါ ဖိမဆွဲပါနဲ့။

Foundation လိမ်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ powder ပုတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မျက်နှာကို ပွတ်ဆွဲပြီးလိမ်းခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ပွတ်ဆွဲလိမ်းတာက အသားအရေပိုမို ပျက်စီးစေနိုင်သလို မိတ်ကပ်မညီမညာဖြစ်ခြင်းနဲ့ မိတ်ကပ်ကွက်ခြင်းမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ ညင်သာစွာပုတ်ပြီး လိမ်းပေးတာမျိုးက အသားထဲမိတ်ကပ်စိမ့်ဝင်သွားပြီး မိတ်ကပ်ကွက်ခြင်း၊ မညီမညာဖြစ်ခြင်းမျိုး မရှိတော့ဘဲ မိတ်ကပ်ကြာရှည်ခံစေမှာပါနော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*