Filler ထိုးစရာမလိုဘဲ နှုတ်ခမ်းကို ထူထူဖူးဖူးလေးဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်း

နှုတ်ခမ်းကို ထူထူလေးနဲ့ ဖူးဖူးလေးဖြစ်နေစေဖို့အတွက် ငွေကုန်ကြေးကြများတဲ့ Filler ထိုးစရာ မလိုတော့ဘူး။ ယနေ့ အလှအပရေးရာမှာ ခေတ်စားလာတဲ့ filler ထိုးတဲ့ အလေ့အထဟာ ရာနှုန်းပြည့် စိတ်ချရမှု မရှိပါဘူး။ ဆွဲဆောင်မှုရှိအောင် နှုတ်ခမ်းကို ထူထူလေးဖြစ်ဖို့ရာ မိမိအိမ်မှာပင် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းတွေ ရှိပါတယ်။

၁။အဖတ်တွေကိုပွတ်တိုက်ပါ။

ခြောက်သွေ့တဲ့ နှုတ်ခမ်းလွှာပေါ်မှာ ရှိတတ်တဲ့ ဆဲလ်သေ၊အဖတ်တွေဟာ နှုတ်ခမ်းအရောင်ကို လျော့စေပြီး သေးငယ်တဲ့အသွင် ဆောင်နေပါတယ်။ ဒီလိုအဖတ်တွေကို ဖယ်ရှားဖို့အတွက် သွားပွတ်တံသုံးပြီး ဖြေးညှင်းစွာ ပွတ်ပေးရပါမယ်။ ပွတ်တိုက်တဲ့အခါ သွားပွတ်တံမှာ Vaseline အနည်းငယ်ထည့်ပြီး ပွတ်တိုက်ပေးတာ ပိုပြီး ကောင်းမွန်ပါတယ်။

၂။Concealer သုံးကာ ဖန်တီးပါ။

နှုတ်ခမ်းရဲ့ အောက်ဘက်ထောင့်နှစ်ဘက်ကို ကွန်ဆယ်လာအသုံးပြုပေးပါ ။ထိုသို့လုပ်ခြင်းက နှုတ်ခမ်းနားတွေကို ညီညာသပ်ရပ်စေပြီး နှုတ်ခမ်းကို ပိုပြီးကြီးသယောင် ထင်ရစေပါတယ်။

၃။Lip Gloss သုံးပါ။

အလယ်နှုတ်ခမ်းသားကို lip gloss ဆိုးပေးပါ။ ဒါဟာ နှုတ်ခမ်းကို ပိုပြီးရောင်ပြန်ထင်ပေါ်စေပြီး နှုတ်ခမ်းပြည့်သယောင် ထင်ဟပ်စေပါတယ်။

၎။နှုတ်ခမ်းနားကိုပိုဆွဲပါ။

အနုပညာရှင်အများစုဟာ lip liner သုံးကာ နှုတ်ခမ်းကို ပိုပြီးထူတဲ့ပုံပေါက်အောင် ပြုလုပ်ကြပါတယ်။ lip liner ဖြင့် ပုံဖော်တဲ့အခါ မူရင်းကိုယ့်ရဲ့နှုတ်ခမ်းအနားသတ်ထက် အနည်းငယ်ပို၍ ဆွဲပေးပါ။ ဒီလိုဆွဲပေးမှ နှုတ်ခမ်းက ပိုပြီး ထူထဲကြီးမားတဲ့အသွင်ကို ရရှိစေမှာပါ။

၆။ကာလာအရင့်မဆိုးပါနှင့်။

ရင့်ပြီးနက်မှောင်တဲ့ ကာလာက နှုတ်ခမ်းကို ပြားတဲ့အသွင် ဖြစ်စေပါတယ်။ Nude ကာလာတွေကို ပြောင်းလဲဆိုးကြည့်ပါ။

၇။မတူညီတဲ့ အရောင်နှစ်ခုကို ရောစပ်ဆိုးပါ။

နှုတ်ခမ်းတစ်ခုလုံးကို အနည်းငယ်ရင့်တဲ့အရောင်ဆိုးပြီး အလယ်တဝိုက်ကို ဖျော့တဲ့အရောင်သုံးကာ ဆိုးပါ။ ပြီးရင်တော့ သေချာလေး မသိသာအောင် ဖြန့်ပေးပါ။ ဒါဟာလည်း နှုတ်ခမ်းကို ထူတယ်လို့ မြင်ရစေတဲ့ trick တစ်ခုပါပဲ။

၇။အပြင်ဘောင်ကို ကွန်ဆယ်လာသုံးကာ ဖုံးပါ။

နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ နှုတ်ခမ်းတစ်ခုလုံး ပိုမိုပေါ်လွင်ထင်ရှားစေဖို့အတွက် ကွန်ဆယ်လာဖြင့် နှုတ်ခမ်းဘောင် အပြင်ဘက်လိုင်းတွေကို ဖုံးအုပ်လိုက်ပါ။ သင့်နှုတ်ခမ်းအလှလေး ဖူးဖူးလေးနဲ့ ထင်ထင်ရှားရှားလေး ဖြစ်ပြီပေါ့။

ကဲ ..filler မထိုးနဲ့နော။် ဒီလို ဘေးကင်းတဲ့ လျှို့ဝှက်နည်းလမ်းတွေနဲ့လည်း လှအောင်လုပ်လို့ရတယ်။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*