Valentine’s Day အမှီ ချစ်သူအတွက် Handmade လက်ဆောင်လေးပြုလုပ်ရအောင်

Valentine Day နေ့လည်းရောက်တော့မှာဆိုတော့ ကိုယ့်ရဲ့ချစ်သူလေးကို ဘာလက်ဆောင်ပေး မယ်လို့ စဉ်းစားထားလဲ။ ကိုယ်တိုင်ပြုလုပ်ရတဲ့ hand made လက်ဆောင်က ပိုပြီးအမှတ်တရ ဖြစ်စေမှာပါနော်။ ကိုယ်တိုင်လုပ်ရမှာဆိုတော့ ကိုယ်ရဲ့အချစ်တွေကိုလည်း ဖော်ပြတာရောက်တာပေါ့။ ဒါ့ကြောင့်မို့လို့ handmade လက်ဆောင်ပစ္စည်းကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်းလေး တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖန်ခွက်

ဒီhamemade လေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ အဖြူရောင်ဖန်ခွက်တစ်ခွက်၊ ဖောင်တိန်တစ်ချောင်း လေးရှိရင်ရပါပြီ။ ကိုယ်ထည့်ချင်တဲ့ ပစ္စည်း ဒါမဟုတ် မုန့်၊ ချောကလက်တွေကို ဖန်ခွက်ထဲထည်ပြီး ဖန်ခွက်မျက်နှာပြင်ပေါ်မှာ ကိုယ်ရေးချင်တဲ့ စာကြောင်း၊ ပုံလေးတွေဆွဲလိုက်ပါ။ ပြီးရင်တော့ မှင်တွေပျက်မသွားအောင် oven ထဲကို မိနစ်အနည်းငယ်လောက် ထည့်ထားပြီး သင်လိုချင်တဲ့ ဖန်ခွက်လှလှလေးကို ရရှိနိုင်ပါပြီ။

(၂) Valentine’s card

ဒါကတော့ ကိုယ့်ချစ်သူကို ဘယ်လောက်မြတ်နိုးကြောင်း ဘယ်လောက်ချစ်ကြောင်း စာသားတွေကို valentine’s card လေးဖန်တီးပြီး ရေးရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကဒ်တွေအများကြီး ပေါ်မှာ စာရေးရေးလိုက်ပါ။ ကိုယ်ရေးထားတဲ့ ကဒ်လေးတွေကို ကြိုးလေးတစ်ခုနဲ့ ချိတ်ထားပြီး နေရာတစ်နေရာရာမှာ Surprise လုပ်ပေးလို့ရပါတယ်နော်။

(၃) Candy Bags

ကိုယ့်ချစ်သူကြိုက်တဲ့ သကြားလုံးလေးတွေကို အိတ်လှလှလေးနဲ့ထည့်ပေးရမှာဖြစ်ပါတယ်။ ပထမဦးဆုံး ပိတ်စနဲ့ချုပ်ထားတဲ့အိတ်တစ်လုံးပေါ်မှာ ကိုယ့်အချစ်တွေကို ကိုယ်စားပြုတဲ့ ပုံပဲဖြစ်ဖြစ် စာသားလေးဖြစ်ဖြစ် ဆေးရိုက်ရမှာ ဖြစ်ပါတယ်။ ဆေးရိုက်ပြီး အခြောက်ခံပြီးရင်တော့ သကြားလုံး ဒါမှမဟုတ် ချောကလက် ထည့်လိုက်ရုံနဲ့ handmade candy bags လေးကို ရရှိနိုင်ပါပြီ။

(၄) Cookies

ကိုယ့်ရဲ့လက်တွဲဖော်ကို အချစ်စကားလုံးတွေပါတဲ့ ကွတ်ကီးမုန့်လေး မပေးချင်ဘူးလား။ မုန့်တွေမှာ စာရေးတဲ့ အနီရောင်ဆေးနဲ့ ကွတ်ကီးပေါ်မှာ ကိုယ်ရေးချင်တဲ့ စာသားကို ရေးပေးရမှာဖြစ်ပါတယ်။ ကွတ်ကီးမုန့်ကြိုက်တတ်တဲ့ ချစ်သူအတွက်တော့ လုံးဝ Surprise ဖြစ်မယ့် handmade လက်ဆောင်လေးဖြစ်သွားမှာ အသေအချာပါပဲ။

(၅) Cupcakes

ခုတလော မွေးနေ့တွေမှာတောင် ကိတ်မုန့်ကြီးကြီးတွေကို မတွေ့ရတော့ဘဲ ချစ်စရာကောင်းတဲ့ cupcake လေးတွေနဲ့ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ဒီတော့.. V’s day မှာလည်း ချစ်သူ အတွက် ကိုယ်တိုင်လုပ်ထားတဲ့ cupcake လေးကို လက်ဆောင်ပေးလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း ကိတ်မုန့်ပေါ်မှာ တုတ်ချောင်းသေးသေးလေး စိုက်ထားလိုက်ပါ။ ပြီးရင်တော့ ကိုယ်ပြောချင်တဲ့ စကားလုံးတွေကို စာရွက်ပေါ်ရေးသားပြီး တုတ်ချောင်းလေးပေါ် ကပ်ထားလိုက်ပါ။ အရောင်ကိုတော့ အချစ်သင်္ကေတကို ဖော်ပြတဲ့ ပန်းရောင်ဆိုရင် ပိုပြီး ရိုဆန်တာပေါ့။

(၆) ပန်းအိုး

ဆေးရောင်ခြယ်ထားတဲ့ပန်းအိုးလေးနဲ့ ကိုယ်အချစ်တွေကိုဖော်ပြလိုက်ပါ။ အရင်ဆုံးပန်းအိုးအသေးလေး တစ်လုံးအရင်ရှာရမှာ ဖြစ်ပါတယ်။ ပြီးရင် ပန်းအိုးအပြင်ဖက်ကနေ ပန်းအရောင် ဒါမှမဟုတ် အရောင်နု လေးတွေနဲ့စပ်ပြီး အရောင်ခြယ်လိုက်ပါ။ ပြီးရင်တော့ ချစ်သူကောင်မလေး ကြိုက်နှစ်သက်တဲ့ ပန်းအမျိုးအစားလေး ထည့်ပြီး ပေးလိုက်ပါ။ ချစ်သူကောင်းမလေး ဆီက အချစ်တွေပိုရလာနိုင်မယ့် နည်းလမ်းလေးပါပဲ။

(၇) Love Pillow

သူများစုံတွဲတွေ မစဉ်းစားမိကြတဲ့ လက်ဆောင်လေးပါ။ ခေါင်းအုံးလက်ဆောင်ပေးတယ် ဆိုတော့ ညဘက်အိပ်တဲ့အခါတိုင်း သင့်ကိုသတိရနေစေဖို့ ရည်ရွယ်ချက်နဲ့ love pillow ကိုဖန်တီးလိုက်ပါ။ ခေါင်းအုံးအပေါ်မှာ အသဲပုံ ဒါမဟုတ် ကိုယ့်အချစ်တွေကို ဖော်ပြနေတဲ့ သင်္ကေတတစ်ခုခုကို ပုံဖော်လိုက်ရုံပါပဲ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*