အိမ်မွေးခွေးလေးရဲ့ ခြေလက်နှစ်ဖက်နဲ့အမြှီးတို့ဖြတ်တောက်ပစ်ခဲ့တဲ့ တူရကီအမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး

အင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတော့ လူတွေကို ဒေါသဆူပွက်စေခဲ့တဲ့ သနားစရာ အိမ် မွေးခွေးကလေး တစ်ကောင် ရဲ့ခြေလက်နှစ်ဖက်နဲ့ အမြှီးတို့ကို ရက်ရက်စက်စက်ဖြတ်တောက်ပစ်ခဲ့ တယ်လို့ သံသယရှိ တူရကီအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တရားခံအမျိုးသားဟာ ခွေးကလေးရဲ့ လက်နှစ်ဖက်နဲ့ အမြှီးတို့ကို ဖြတ်တောက်ပစ်ပြီး နောက် မှာ ဆာကာရာအနောက်မြောက်ပိုင်းပြည်နယ်၊ ဆပါနာကာက တောအုပ်တစ်ခုအတွင်းသွား ရောက် စွန့်ပစ်ခဲ့တာကို အနီးနား လူတွေက တွေ့ရှိသွားခဲ့တာပဲဖြစ်ပါတယ်။

အနက်ရောင်အမွှေးအမျှင်ရှိတဲ့ တစ်နှစ်သားအရွယ် အိမ်မွေးခွေးကလေးဟာဆိုရင် ကိုယ်လက်အင်္ဂါ တွေ ဖြတ်တောက်ပစ်ခံရပြီး သွေးအိုင်ထဲမှာ လဲကျနေခဲ့တာကို တွေ့ရှိသွားသူတွေက တိရစ္ဆာန်ဆေးရုံ သို့ အလျင်အမြန်ပို့ဆောင် ကုသစဉ်မှာပဲ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ပြင်းထန်ဝေဒနာတွေနဲ့ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

လာမယ့် ရက်သတ္တပတ်မှာဆိုရင်လည်း တူရကီမှာ ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီးတော့ လက်ရှိ သမ္မတအဖြစ် အုပ်ချုပ်နေဆဲဖြစ်တဲ့ တူရကီသမ္မတ အာဒိုဂန်ဟာလည်း တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ရှုံ့ချကာကွယ်ရေးအတွက် ဥပဒေတင်းတင်းကျပ်ကျပ် ထုတ်ပြန်သွား မယ်လို့ ကတိကဝတ်ပြုပြော ကြားထားခဲ့တယ်လို့ သိရပါတယ်။

ဒီ့အတွက်ကြောင့်မို့လို့ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းမလိုလား ဆန့်ကျင်သူတွေလည်းရှိပြီးတော့ အခုလို အိမ်မွေးခွေးကလေး တစ်ကောင်ကို လူမဆန်စွာမတရား ညှင်းပန်းနှိပ်စက်တဲ့ လုပ်ရပ်ဟာ ဆိုရင်လည်း အာဒိုဂန်ကို ဆန့်ကျင်ရှုံ့ချတဲ့အနေနဲ့ လုပ်ဆောင်လိုက် ခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*