Latest post

တောင်အာဖရိကအမျိုးသား သန်းထီပေါက်ပြီး နောက်ရက်မှာအဆိပ်သင့်ပြီးသေဆုံးသွားခဲ့

တောင်အာဖရိကက အမျိုးသားတစ်ဦးဟာ ကံကောင်းချင်ပါရက်နဲ့ သူ့ရဲ့ကံကောင်းခြင်းကိုမခံစား ထိုက်ခဲ့ပါဘူး။ ကလာဘာမှာနေထိုင်တဲ့ တောင်အာဖရိက အမျိုးသား မစ္စတာ အိုရော့ဆိုသူဟာ ကံ ကောင်းစွာနဲ့ပဲ နိုင်ရာ ၂ သန်းထီပေါက်ခဲ့ပါတယ်။ ဒါဟာ ဆုမဲထဲမှာဆိုရင် တန်ဖိုးပမာဏများပြားလွန်း တဲ့ ထီဆုမဲကြီးဖြစ်ပြီးတော့ ဒီငွေကြေးဟာ တကယ့်ကိုသုံးမကုန်လောက်တဲ့ ငွေသားပမာဏမလို့လူ တိုင်းက ထီဆုပေါက်ချင်တဲ့ အိပ်မက်မက်ကြမှာပါ။

ဒါပေမယ့် အိုရော့ဟာ သူ့ရဲ့ ကံကောင်းခြင်း၊ ထီပေါက်တဲ့ ပိုက်ဆံကို အသုံးတောင်မပြုလိုက်ရသေးပဲ နဲ့ ရုတ်တရတ်သေဆုံးသွား ခဲ့ပါတယ်။ နိုင်ရာ သန်းနဲ့ချီ ထီပေါက်ခဲ့လို့ ဝမ်းမြောက်ပျော်ရွှင်တဲ့အနေနဲ့ နောက်ရက်မှာ သူငယ်ချင်းအပေါင်းအသင်းတွေကို ညဘက် စားသောက်ဧည့်ခံပွဲတွေကျင်းပနေချိန်မှာ အရက်သောက်သုံးခဲ့ပြီးနောက် အဆိပ်သင့်ပြီးတော့ သေဆုံးသွားခဲ့တယ် လို့သိရပါတယ်။

အိုရော့ရဲ့ အရက်သောက်သုံးပြီး အဆိပ်သင့်သေဆုံးခဲ့ခြင်းကို အချို့ကလည်း တစ်စုံတစ်ယောက်က လုပ်ကြံပြီး အစားအသောက်ထဲ အဆိပ်ခတ်ခဲ့တယ်လို့လည်း ပြောဆိုနေကြပါတယ်။ ရင်းနှီးတဲ့ မိတ် ဆွေသူငယ်ချင်းတွေရဲ့ ပြောကြားချက်မှာလည်း အိုရော့က အသက်မ ထွက်မီ သွေးတွေအန်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*