အိပ်နေရင်းလမ်းထလျှောက်လို့ ၈ထပ်တိုက်ပေါ်က ပြုတ်ကျခဲ့ပေမယ့် ကံကောင်းလို့မသေခဲ့တဲ့အမျိုးသား

လူတစ်ယောက်ရဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာ သိပ်ကို ထူးခြားအံ့သြဖို့ကောင်းပါတယ်။ နယူး ယောက်မြို့တော်မှာ နေထိုင်တဲ့အမျိုးသားဟာ ရှစ်လွှာတိုက်ခန်းရဲ့ ပြတင်းပေါက်ကနေ ပြုတ်ကျခဲ့ ပါတယ်။ ဒါပေမယ့် ကံကောင်းခဲ့လို့ အဲ့ဒီအမျိုးသား အမျိုးသားမသေခဲ့ပါဘူး။

သူ့ရဲ့ဆိုးရွားလှတဲ့ အကျင့်တစ်ခုက အိပ်နေရင်းနဲ့ လမ်းထလျှောက်တတ်တာကြောင့်ပဲ လိုမျိုး ဖြစ် သွားခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ရန်ဒီဖိုသီစိန်းလို့ အမည်ရှိတဲ့ အဆိုပါ အမျိုးသားဟာ အိပ်ပျော် နေစဉ်အတွင်း လမ်းထလျှောက်ခဲ့လို့ ရှစ်လွှာတိုက်ပေါ်ကနေ ပြုတ်ကျ ခဲ့တာဖြစ်ပါတယ်။ မနက်ခင်း အစောပိုင်း ၅ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုအတွက် သူ့ကို မီးသတ်တပ်ဖွဲ့နဲ့ အရေးပေါ် ကယ်ဆယ်ရေးသမားတွေ ငြမ်းဆင်ပြီး ကယ်ဆယ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အိပ်မောကျနေရင်းနဲ့ ရှစ်လွှာပေါ်ကနေ ပြတင်းတံခါးပေါက်ကနေ တဖြည်းဖြည်းချင်းသွားတဲ့ သူ့ကို အောက်ထပ်ခြောက်လွှာကနေ မီးသတ်သမားတွေက ငြမ်းတွေပြင်ဆင်ပေးပြီးတော့ သူ့ကို ပြင်းပြင်း ထန်ထန် ထိခိုက်ဒဏ်ရာမရရှိအောင် ကူညီပေးခဲ့တာပါ။ နောက်ပြီး သူ့ရဲ့ အခန်းပြတင်းပေါက်ကနေ တဆင့်ပဲ သူ့ကိုပြန်လည်ဆွဲယူထုတ်ပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရည်းစားတော်စပ်သူ မိန်းကလေးရဲ့ ပြောကြားချက်အရတော့ အဆိုပါအမျိုးသားဟာ ယင်းကဲ့သို့ ဆိုးရွားလှပြီး အံအားသင့်စရာကောင်း လောက်တဲ့ အမူအကျင့်မျိုးရှိတတ်ကာ သူဟာပုံမှန်အိပ်ချိန်တွေမှာဆိုရင် အိပ်ဆေးသောက်ပြီး အိပ်ရ လေ့ရှိတယ်လို့ဆိုပါတယ်။

ရှစ်ထပ်တိုက်ပေါ်ကနေ ဆင်းခဲ့ပေမယ့် ကံသီခဲ့လို့ ခြေလက်ကျိုးရုံ၊ ပွန်းပဲရုံဖြစ်သွားခဲ့လို့ ဆေးရုံတက် ရောက် ဆေးဝါးကုသမှုခံယူနေရပေ မယ့် နောက်ထပ်တစ်ကြိမ်မှာတော့ ဒီလောက်ကံကောင်းနိုင် လိမ့် မှာ မဟုတ်တော့ဘူးလို့လည်း ညီဖြစ်သူက ပြောထားပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*