မိဘဖြစ်သူတွေက ချစ်ခင်ကြင်နာမှုတွေမရှိဘူးလို့ဆိုကာ တရားစွဲဆိုလိုက်တဲ့အိမ်ခြေယာမဲ့အမျိုးသား

နယူးယောက်က အမျိုးသားတစ်ဦးဟာ မိဘဖြစ်သူတွေမှာ စိတ်ကျေနပ်လောက်တဲ့ အချစ်တွေနဲ့ ပြုစုစောင့်ရှောက်မှုတွေ မပေးခဲ့လို့ဆိုကာ မိဘတွေကို တရားစွဲဆိုလိုက်ပါတယ်။ နစ်နာကြေးလျှော် ကြေးငွေ ဒေါ်လာ ၂ သိန်းရဖို့လည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဘရွန်ကလင်းမှာနေထိုင်တဲ့ အိမ်ခြေယာမဲ့အမျိုးသားတစ်ဦးဖြစ်တဲ့ ဘားနက်ဘေးဆိုသူမှာ မိဘတွေ ကို တရားစွဲဆိုထားကာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင် မပြုစုပေးလို့ဆိုကာ မိဘတွေကို မကျေနပ်ခဲ့ဘူးလို့ဆိုပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့သူက လက်ရှိသူရဲ့ အိမ်ခြေယာမဲ့နဲ့ လမ်းမ ပေါ်မှာသာ နေထိုင်နေရတဲ့ ဘဝအခြေအနေကို မိဘဖြစ်သူတွေကို အပြစ်တင်ထားပြီးတော့ အင်တာ ဗျူးမေးမြန်းချက်မှာဆိုရင်လည်း သူဟာ အသက် ၁၂ နှစ်သားအရွယ်ကတည်းက နေအိမ်ကနေ ထွက် ပြေးလာခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။

မိဘဖြစ်သူတွေမှာ သားဖြစ်သူကို ကိုယ်လက်ထိခိုက်နာကျင်အောင်နှိပ်စက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစား မှုဝေဒနာတွေကိုလည်း ခံစားရအောင် ပြုလုပ်ခဲ့ကြတယ်လို့ ပြောပြပါတယ်။ ဒီ့အတွက်ကြောင့် သူဟာ နေအိမ်မှ ထွက်ပြေးပြီး လမ်းမပေါ်လေလွှင့်အိမ်ပြေး တစ်ယောက်အဖြစ် ရုန်းကန်နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွေမှာနေထိုင်ခဲ့ပြီးတော့ အရက်နဲ့ ဘားဆိုင်တွေမှာ လည်း ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ့အတွက်ကြောင့် အဆိုပါ အမျိုးသားဟာဆိုရင် အရွယ်မရောက်သေးခင်ကတည်းက ခက်ခဲကြမ်း တမ်းခဲ့တဲ့ ဘဝဖြတ်သန်းမှုနဲ့ ဆင်းရဲနုံချာပြီး ပင်ပန်းတဲ့ အိမ်ခြေယာမဲ့ ဘဝအခြေအနေ အတွက် မိဘဖြစ်သူတွေကို မကျေနပ် ကြောင်း ဘရွတ်ကလင်း တရားရုံးတော်မှာ တရားစွဲဆိုထားခဲ့တာ ပဲဖြစ်ပါတယ်။ မိဘဖြစ်သူတွေမှာ သားသမီးကို ချစ်ခင်ကြင်နာစွာ မပြုစုမစောင့်ရှောက်ပေးခဲ့တဲ့ အပြင်ကို ရိုက်နှက်နှိပ်စက်ကာ ပင်ပန်းဆင်းရဲစေခဲ့တာကြောင့် မိဘတွေမှာအပြစ်ရှိကြောင်းနဲ့ နစ် နာကြေးပေးစေလိုကြောင်း တရားရုံးတော်မှာ လျှောက်တင်ထွက်ဆိုခဲ့ပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*