ဝိန်းရွန်းနီ မန်ယူအသင်းမှ အဲဗာတန်သို့ အလွတ်ပြောင်းရွှေ့

မြန်မာဘောလုံး ပရိတ်သတ်တွေအသဲစွဲ မန်ယူအသင်းရဲ့ တိုက်စစ်မှုး
ရွန်းနီဟာ မန်ယူအသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မန်ယူဟာ အဲဗာတန် တိုက်စစ်မှုး လူကာကူကို
ပြောင်းရွေ့ကြေး ပေါင် ၇၅ သန်းနဲ့ သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်။

Manchester United have agreed a £75m fee to sign Everton striker Romelu Lukaku
ရွန်းနီဟာ မန်ချက်စတာအသင်းနဲ့အတူ ပွဲပေါင်း 393 အထိကစားခဲ့ပြီး
183 ဂိုးအထိစွမ်းဆောင်ထားတဲ့ ကစားသမားပါ။
နည်းပြ မောရင်ညို မန်ယူအသင်းကို ကိုင်တွယ်ပြီးနောက်ပိုင်း ပွဲထွက်ကစားခွင့်ရဖို့
ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရသလို သူ့အနေနဲ့ဒီရာသီမှာ ထွက်ခွာဖို့ ဖြစ်လာရခြင်း
ဖြစ်ပါတယ်။

Image result for rooney leaving manchester
ယခင်က တရုတ်ကလပ်က ခေါ်ယူဖို့ သတင်းတွေထွက်နေပေမယ့်လည်း
ရွန်းနီအနေနဲ့ သူ့ရဲ့မွေးရပ်မြေ အသင်းဟောင်းကိုသာ ရွေးချယ်ခဲ့ပုံပါ။

Rooney departed Everton for United 13 years ago but the two clubs are negotiating a deal
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရွန်းနီဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခလစာ
ပေါင် ၂၃၀၀၀၀ ရရှိထားပြီး လက်ရှိ အဲဗာတန်အသင်းရဲ့ သဘောတူညီမှုအရ
တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ ရရှိမှာဖြစ်ပါတယ်။

Related image
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ဟာ မန်ယူအသင်းကိုအားပေးတဲ့ ပရိတ်သတ်တွေအတွက်
ရွန်းနီရဲ့ အပြောင်းအရွေ့ဟာ အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။

 

ယမုံ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*