လွန်ခဲ့တဲ့ ၅ နှစ်ကလို ပြန်လည်ရေပန်းစားလာတဲ့ ကလေးသုံးယောက်မေမေ

Maria Kang လို့ အမည်ရတဲ့သူမက ၂၀၁၃ ခုနှစ်က လူအများကြားမှာ ရေပန်းစားခဲ့တဲ့မေမေဖြစ်ပါတယ်။ သူမက ၅ နှစ်အကြာ အခုတစ်ခါမှာလည်း စိတ်ဝင်စားမှုရအောင် လုပ်ချလိုက်ပါပြီ။

ကျန်းမာကြံ့ခိုင် အားကစားနည်းပြတစ်ဦးဖြစ်တဲ့ သူမက ၂၀၁၃ ခုနှစ်က အောက်ဖော်ပြပါပုံကို တင်ခဲ့တာဖြစ်ပါတယ်။ အသက် ၁ နှစ်စီခြားတဲ့ ကလေးသုံးယောက်နဲ့အတူ ညိုအိချောမွတ်ပြီး ကျန်းမာကြံ့ခိုင်တဲ့ သူမခန္ဓာကိုယ်အလှက သြချလောက်ပါတယ်။ အဲ့တာကြောင့်ပဲ သူမပုံဟာ အများအပြားပျံ့နှံ့ပြီး ရေပန်းစားခဲ့ပါတယ်။

၅ နှစ်အကြာ အခုအချိန်မှာလည်း သူမရဲ့ ကျန်းမာတဲ့ကိုယ်ခန္ဓာကို ဖော်ထုတ်ပြသဖို့ တူညီတဲ့ပုံကို ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အခုအချိန်မှာ ကျန်းမာကြံ့ခိုင် အားကစားနည်းပြ၊ လှုံ့ဆော်သူ၊ ဘလော့ဂါအပြင် မိခင်များအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုကို မြှင့်တင်ပေးတဲ့ Excuse Mom movement လူမှုရေးအဖွဲ့အစည်းကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*