တရုတ်ပြည်က လွှင့်တင်ထားသော ဓာတုအဆိပ်များဖြင့် ပြည့်နှက်နေသည့် အာကာသဓာတ်ခွဲခန်း ဂြိုလ်တုကြီး ဥရောပတိုက်ပေါ်သို့ ပျက်ကျလာတော့မည်

တရုတ်ပြည်က လွှင့်တင်ထားသော ဓာတုအဆိပ်များဖြင့် ပြည့်နှက်နေသည့် အာကာသဓာတ်ခွဲခန်းကြီးသည် ဥရောပတိုက်ပေါ်သို့ ပျက်ကျတော့မည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
Tiangong-1 အမည်ရှိသည့် အာကာသစခန်းတွင် hydrazine အဆိပ်ရည်များ ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ ဂြိုဟ်တုကို ၂၀၁၁ ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး တရုတ်အာကာသအေဂျင်စီနှင့် ရေဒီယိုဆက်သွယ်မှု ပြတ်တောက်နေခဲ့ခြင်းဖြစ်ကာ မကြာတော့သည့်လပိုင်းအတွင်း ကမ္ဘာ့လေထုအတွင်း ပြန်လည်ကျဆင်းလာမည်ဟု ပညာရှင်များက ခန့်မှန်းကြခြင်း ဖြစ်သည်။
ကောင်းကင်နန်းတော်ဟု အဓိပ္ပာယ်ရသည့် Tiangong သည် ပြန်လည်ကျဆင်းလာလျက်ရှိနေပြီး ကမ္ဘာမြေသို့ ဦးတည်နေသည်ဟု ဆိုသည်။

No automatic alt text available.
အာကာသစခန်း၏ အစိတ်အပိုင်းအများစုမှာ ကမ္ဘာ့လေထုအတွင်း ဝင်ရောက်ချိန်တွင် မီးလောင်ပျက်စီးသွားမည်ဖြစ်သော်လည်း Tiangong-1 မှာမူ အလေးချိန် ၈ တန်ရှိကာ ကြီးမားသည့်အရွယ်အစားရှိခြင်းကြောင့် ကမ္ဘာမြေပေါ်အထိ ရောက်ရှိလာနိုင်သည်။
ဥရောပအာကာသအေဂျင်စီ (ESA) မှ သိပ္ပံပညာရှင်များက ပြောကြားရာတွင် အာကာသစခန်းမှာ ကြီးမားလှပြီး ဆောက်လုပ်ထားသည့် ပစ္စည်းအမျိုးအစားများကို တွက်ဆကြည့်ရာ၌ ကမ္ဘာမြေပြင်အထိ ပြန်လည်ရောက်ရှိလာနိုင်သည်ဟု ပြောကြားကြသည်။
အာကာသယာဉ်များ၏ သမိုင်းတွင်မူ ပျက်ကျလာသော အပျက်အစီးများကြောင့် အန္တရာယ်ကြုံရခြင်းမျိုး မရှိဖူးခဲ့ဟု ဆိုသည်။

No automatic alt text available.
“ဒီအာကာသစခန်းမှာကတော့ အလွန်အဆိပ်ပြင်းတဲ့ဓာတုရည် hydrazine တွေ ပါနေပြီး မြေပြင်ရောက်တဲ့အထိ ပါလာနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။ ဘေးကင်းကြစေဖို့အတွက်ဆိုရင် အာကာသယာဉ်အပျက်အစီး အပိုင်းအစတွေကို တွေ့တဲ့သူဟာ သွားပြီး မထိမကိုင်ဖို့နဲ့ အဲဒီကထုတ်လွှတ်တဲ့အခိုးအငွေ့တွေကို မရှုရှိုက်မိစေဖို့ အရေးကြီးပါတယ်” အာကာသကော်ပိုရေးရှင်းမှ ဂြိုလ်ပတ်လမ်းနှင့် ကမ္ဘာမြေသို့ ပြန်လည်ကျဆင်းလာသော အပျက်အစီးများ လေ့လာရေး စင်တာ (CORDS) က ထုတ်ပြန်ထားသည်။
ဥရောပအာကာသအေဂျင်စီ (ESA) ၏ သိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားရာတွင် လာမည့် မတ်လ ၁၇ ရက်မှ ဧပြီလ ၂၁ ရက်အကြား အဆိုပါဂြိုဟ်တုသည် ကမ္ဘာ့လေထုအတွင်း ဝင်ရောက်လာမည်ဟု ဆိုသည်။
“ဂြိုဟ်တု ကျရောက်မည့်နေရာမှာ မြောက်လတ္တီကျု ၄၃ ဒီဂရီမှ တောင်လတ္တီကျု ၄၃ ဒီဂရီအကြားရှိ တစ်နေရာရာ (စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဂရိ အစရှိသည့်နိုင်ငံများ) သို့ ကျရောက်လာလိမ့်မည်ဖြစ်သည်” ဟု ဥရောပအာကာသအေဂျင်စီ (ESA) က ထုတ်ပြန်ထားသည်။

Cherie(ShweInnlay)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*