သွက်လက်မြန်ဆန်တဲ့လက်ဗွေဖတ်စနစ်နဲ့ Meizu M6T စမတ်ဖုန်းကို တရုတ်မှာမိတ်ဆက်





unicode

Meizu အနေနဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းသစ်တစ်လုံးကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ Meizu M6T စမတ်ဖုန်းဖြစ်ပြီး သူ့မှာမြန်ဆန်တဲ့ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းထားပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက Geekbench နဲ့ TENAA ကနေလဲ ဖုန်းမှာပါဝင်မယ့် အချက်အလက်အချို့ကို သိရှိခဲ့ရပါတယ်။ သတ္တူကိုယ်ထည်ဒီဇိုင်းနဲ့အတူ ဖုန်းရဲ့နောက်ကျောဘက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းထားပြီး သူ့ကို ‘Super mBack’ လို့နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ဗွေဖတ်စနစ်ဟာ0.2 စက္ကန့်သာကြာမြင့်မှာ ဖြစ်ပါတယ်။

Meizu M6T မှာ 5.7 လက်မ LCD HD+ display နဲ့အတူ 1440 x 720 pixels ကိုထောက်ပံ့ပေးထားပါတယ်။ 18:9 အချိုးနဲ့ဖြစ်ပြီး 1000:1 contrast ratio နဲ့ပုံရိပ်တွေကို မြင်ရမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 13 MP + 2 MP sensors ဖြစ်ပြီး f2.2 နဲ့ f2.4 aperture အသီးသီးပါဝင်ပါတယ်။ ကင်မရာရဲ့လုပ်ဆောင်ချက်တွေအနေနဲ့ PDAF, panorama mode, autofocus, LED flash, HDR တို့ပါဝင်ပြီး 1080p video ဖမ်းယူမှုပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင့် portrait ရိုက်ကူးတွေကိုလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။အရှေ့ဘက် Selfie ကင်မရာကိုတော့ 8 MP sensorမှာ f2.0 aperture နဲ့ဖြစ်ပြီး face unlock ထောက်ပံ့ပေးထားပါတယ်။

ပရိုဆက်ဆာရဲ့ စွမ်းအားပိုင်းအနေနဲ့ MediaTek MT6750 နဲ့ဖြစ်ပြီး Mali-T860 GPU ပူးတွဲထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှု ၃မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပြီး 3RAM /32GB , 4RAM /32GB နဲ့ 4RAM /64GB နဲ့ဖြစ်ပါတယ်။ microSD card နဲ့အချက်အလက်သိမ်းဆည်းမှု ထပ်တိုးနိုင်ပြီး 128GB အထိလက်ခံနိုင်ပါလိမ့်မယ်။ OS ပိုင်းမှာတော့  Android 7.0 Nougat  နဲ့အတူ 3,300mAh ဘက်ထရီစွမ်းအားပါဝင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုပိုင်းအတွက် Bluetooth 4.1, micro USB 2.0 နဲ့ Wi-Fi 802.11 a/b/g/n တို့မှာ သုံးနိုင်ပါလိမ့်မယ်။  အရောင်အနေနဲ့ကတော့ အနက်၊ရွေ၊အနီဆိုပြီး ထုတ်လုပ်ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*