ရာသီလာချိန် ကိုက်ခဲမှုကို အလျင်မြန်ဆုံး ပျောက်ကင်းစေနိုင်တဲ့ ဖျော်ရည်

အမျိုးသမီးများအတွက် ရာသီလာတဲ့အချိန် ဗိုက်နာပြီး ကိုက်ခဲတာက အဆိုးရွားဆုံး ခံစားမှုပါပဲ ။ အချို့က ကိုက်ခဲမှု မပြင်းထန်သော်လည်း အချို့မိန်းကလေးတွေအတွက်တော့ လစဉ်လတိုင်း ထိုအချိန်က ငရဲလို နာကြင်မှုကို ခံစားရတာပါ ။ ထိုသို့ ခံစားရတဲ့အခါ အလုပ်ပျက်၊ အကိုင်ပျက်ဖြင့် ဘာဆိုဘာမှ မလုပ်ချင်တော့အောင်ကို ဖြစ်နေတတ်ပါတယ် ။ ဒိအတွက်ကြောင့် ကိုက်ခဲမှုကို အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေနိုင်အောင် ပြုလုပ်ဖို့လိုပါတယ် ။

နာကြင်မှုကို သက်သာစေတဲ့ ဆေးတွေရှိပါတယ် ။ သို့သော် အချို့ပဋိဇီဝ ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ် ။ ဒါကြောင့်မို့ side effect လုံးဝမရှိတဲ့ အိမ်တွင်းနည်းလမ်းသုံး ရိုးရာဆေးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ် ။

လိုအပ်သောပစ္စည်းများ

ချင်း (ဂျင်း)  – အနည်းငယ်

ပျားရည်      – လက်ဖက်ရည်ဇွန်း ၁ဇွန်း

သံပုယိုရည်  – လက်ဖက်ရည်ဇွန်း ၁ ဝက်

ရေ             – ၁ ခွက်

ပြုလုပ်နည်း

ပထမဦးစွာ ချင်းကို အသီးအရွက်တွေ ခြစ်တဲ့ဓါးသုံးပြီး ခြစ်ပါ ။ ရေတစ်ခွက်ကို ဆူပွက်အောင် တည်ပါ ။ ရေဆူလာလျှင် ခြစ်ထားသောဂျင်းကို ထည့်ပြီး ၂မိနစ်ခန့်ကြာ ပြုတ်ထားပါ ။ ထို့နောက် မီးချပြီး အဖတ်တွေကို စစ်တဲ့ဇကာသုံးကာ စစ်ပြီး အရည်သီးသန့်ခွဲယူပါ ။ ထိုဂျင်းပြုတ်ရည်ထဲသို့ ပျားရည် ၊ သံပုယိုရည်ကို အချိုးအဆအတိုင်းထည့်ပြီး မွှေပါ ။ ထိုဖျော်ရည်ကို ရာသီလာစဉ် ကိုက်ခဲမှုခံစားရတိုင်း  တစ်နေ့ ၂ကြိမ် မှ ၃ကြိမ်အထိ သောက်သုံးပေးပါ ။ အမြန်ဆုံး ပျောက်ကင်းစေပါတယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*