METRO Wholesale Myanmar (မက်ထရို) က မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အထူးမွမ်းမံသင်တန်း ကို စတင်ဖွင့်လှစ်

စက်တင်ဘာလ (၁၃) ရက်၊ ကြာသာပတေးနေ့၊ ၂၀၁၈ခုနှစ်၊ အောင်ပန်းမြို့၊ ဟိုတယ် SS တွင် METRO Wholesale Myanmar (မက်ထရို) က သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အထူးမွမ်းမံသင်တန်းကိုစတင် ပို့ချပေးနေပြီဖြစ်သည်။ ထိုမွမ်းမံသင်တန်းမှတဆင့် အဘက်ဘက်မှ ရေရှည်တည်တံ့ခိုင်မြဲသော လက်ယာစိုက်ပျိုးရေးမှ သည် ထုတ်လုပ်မှုနှင့် အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး အရည်အသွေးမြင့်မားသော လယ်ယာစိုက်ပျိုးရေး နည်းလမ်းများကို မြှင့်တင်၍ လိုအပ်သည့်အရည်အချင်းများကို တိုးမြှင့်ပေးရန်အတွက် မွမ်းမံသင်တန်းပို့ချခြင်း၊ ဗဟုသုတများ မျှဝေခြင်းနှင့် လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့ လေ့လာသင်ယူခြင်း များကိုလည်း ပြုလုပ်ကာ သီးနှံစိုက်ပျိုးသူများကို ကူညီပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းသို့ ဝင်ရောက်မည်ဟုစတင်ကြေညာခဲ့သည့် အချိန်မှစတင်၍ တာဝန်သိတတ်သော အခြေတကျကော်ပိုရိတ်လုပ်ငန်းကြီးတစ်ခုဖြစ်သည့်  မက်ထရိုသည် စီးပွားရေးရည်မှန်းချက်ပန်းတိုင်ကို တက်လှမ်းနိုင်ရုံသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေ နှင့် လူမှုပတ်ဝန်းကျင်လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မည့် အဘက်ဘက်မှ ရေရှည်တည်တံ့ ခိုင်မြဲရေး လမ်းစဉ်ကို အစဉ်တစိုက် ရှာဖွေ ပံ့ပိုး လျက်ရှိပါသည်။ METRO Wholesale Myanmar (မက်ထရို) သည် သီးနှံ နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် ယခု မွမ်းမံသင်တန်းများကို (၂၀၁၈) ခုနှစ်တွင် စတင်သွားမှာဖြစ်ပြီး အသား၊ငါးနှင့် ကြက်ဘဲ မွေးမြူရေးလုပ်ငန်များကိုပါ GAP (Good Agricultural Practices) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ  အထူးမွမ်းမံသင်တန်းများကို ချဲ့ထွင်တိုးမြှင့် ပို့ချပေးသွားမည်ဖြစ်သည်။

METRO Wholesale Myanmar (မက်ထရို) ၏ လက်ထောက် အမှူဆောင်အရာရှိချုပ်ဖြစ်သူ Ms. Tiparayat Kaewsringarm က “ယနေ့မွမ်းမံသင်တန်းဟာဆိုရင် အဘက်ဘက်မှ ရေရှည်တည်တံ့ခိုင်မြဲသော လက်ယာစိုက်ပျိုးရေးမှ သည် ထုတ်လုပ်မှုနှင့် အကျိုးဖြစ်ထွန်းမှုဆီကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး၊ အရည်အသွေးမြင့်မားတဲ့ လယ်ယာစိုက်ပျိုးရေး နည်းလမ်းများကို မြှင့်တင်ပေးကာ လိုအပ်သည့်အရည်အချင်းများကို မြင့်မားစေရန်အတွက် မွမ်းမံသင်တန်းပို့ချခြင်း၊ ဗဟုသုတများ မျှဝေခြင်းနဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ လက်တွေ့လေ့လာသင်ယူခြင်များကိုလည်း ပြုလုပ်ပြီး သီးနှံစိုက်ပျိုးသူများကို ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု အဖွင့်မိန့်ခွန်းအနေဖြင့် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အဘက်ဘက်မှ သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ မက်ထရို သည် ကျွမ်းကျင်ဝန်ဆောင်မှုဆိုင်ရာ နည်းလမ်းများ၊ အရည်အသွေးမြင့်မားပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကုန်ပစ္စည်းများ  ထောက်ပံ့ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ နှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် တစ်တပ်တစ်အား ပါဝင်ရန်ကြိုးပမ်း လျက်ရှိပါသည်။ မြန်မာ နိုင်ငံရှိ ဖောက်သည်များအတွက် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးရေးတွင် သူမတူသော ဝန်ဆောင်မှုပေးရန်ရည်ရွယ်လျက် ကမ္ဘာ့အဆင့်မှီ စိုက်ပျိုးမွေးမြူတင်ပို့ရောင်းချရေး စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုသွားမည်ဖြစ်သည်။

မက်ထရို သည် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကိုသာမက လူနေမှုဘဝကိုပါ မြှင့်တင်ပေးပြီး မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍကို တိုးမြှင့်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ ထို မွမ်းမံသင်တန်းပို့ချမှုများသည် သီးနှံစိုက်ပျိုးသူများကို ထုတ်လုပ်ရိတ်သိမ်းချိန်မှ ထုတ်ပိုးရောင်းချချိန်အထိလိုအပ်သည့် အသိပညာများ နှင့် အရည်အချင်းများ ကို မွမ်းမံပေးသွားမည်ဖြစ်သည်။ သီးနှံစိုက်ပျိုးသူများကို အရည်အသွေးမြှင့်တင်ပေးခြင်းအားဖြင့် စားသုံးသူများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်သည့်အပြင် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေး ကိုပါ အားပေးနိုင်ပြီး မက်ထရို၏ နိုင်ငံတကာ ဝယ်ယူမှု လမ်းကြောင်းများ မှတဆင့် နိုင်ငံတကာသို့ တင်ပို့နိုင်သည်အထိချဲ့ထွင်သွားနိုင်ပြီး မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး အခန်းကဏ္ဍကိုပါ မြှင့်တင်သွားနိုင်မည်ဖြစ်သည်။

“ကျွန်မတို မက်ထရိုရဲ့ ကုန်လှောင်ရုံကတဆင့် ဖြန့်ချိရေးအတွက်  လက်ဆက်ပြီး အရည်အသွေးအဆင့်မှီတဲ့ ကုန်ပစ္စည်းများကို ရရှိဖို့ မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနဲ့အတူ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့လာသည်နဲ့ အမျှ ကုန်လှောင်ရုံတွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ကျွန်မတို့ဟာ စိုက်ပျိုးမွေးမြူသူတွေရဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့ အတွက် အစမှ အဆုံး လုပ်ဆောင်ချက်တွေမှာ ကူညီပံ့ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။” ဟု Ms. Tiparayat က ပြောကြားသွားသည်။

မက်ထရိုသည် အထူးမွမ်းမံသင်တန်းများကို ယခုနှစ်အတွင်း ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် အာလူး၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပို့ချသွားမည်ဖြစ်သည်။ အာလူးစိုက်ပျိုးရေး အထူးမွမ်းမံသင်တန်း ပြီးဆုံးပြီးနောက် စက်တင်ဘာလ (၂၂) ရက်နေ့တွင် မကွေးတိုင်း ပွင့်ဖြူ၌ ကြက်သွန်နီစိုက်ပျိုးသူအများအတွက် အထူးမွမ်းမံသင်တန်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။ မက်ထရို သည် စီးပွားဖက်ဖောက်သည်များအတွက် စိုက်ပျိုးမွေးမြူသူများထံမှ တိုက်ရိုက်ဝယ်ယူခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍကို တိုးမြှင့်စေရန်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုနည်းအားဖြင့် စိုက်ပျိုးမွေးမြူသူများသည် အကျိုးရှိပြီး ပိုမိုကောင်းမွန်သည့် စိုက်ပျိုးမွေးမြူတင်ပို့ရောင်းချရေး စီမံခန့်ခွဲမှုစနစ် ထံမှ ပိုမို အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး၊ ၎င်းတို့၏စီးပွားမိတ်ဖက် ဖောက်သည်များသည်လည်း ကောင်းမွန်လတ်ဆတ်သည့် ကုန်ပစ္စည်း များကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*