ဂန္တ၀င်တွေနဲ့ခမ်းနားခဲ့တဲ့ မိုက်ကယ်ကာရစ်နှုတ်ဆက်ပွဲပုံရိပ်များ

ဘယ်လောက်ပဲ ကြံ့ခိုင်သန်မာတဲ့ကစားသမားကြီးတွေဖြစ်ပါစေ အချိန်တန်ရင်တော့ ဇရာကိုမလွန်နိုင်တာကြောင့် မန်ချက်စတာယူနိုက်အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမားကြီး မိုက်ကယ်ကာရစ်ဟာ အသင်းနဲ့နှုတ်ဆက်လမ်းခွဲတော့မှာဖြစ်ပါတယ်။ အသင်းအပေါ် သစ္စာရှိတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့သလို အသင်းအတွက်လိုအပ်တဲ့နေရာကနေ ပေးဆပ်ကစားခဲ့တဲ့ မိုက်ကယ်ကာရစ်ရဲ့နေ၀င်ချိန်ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရိတ်သတ်တွေက နှုတ်ဆက်ခဲ့ပုံကလည်း တကယ်ကိုခမ်းနားပြီး ကြည်နူးဖွယ်ကောင်းလှပါတယ်။ အဆိုပါ နှုတ်ဆက်ပွဲမှာ မန်ယူအသင်းနဲ့ မိုက်ကယ်ကာရစ် အသင်းဆိုပြီး နှစ်ဖက်ခွဲကစားခဲ့ပြီး မန်ယူအသင်းကစားသမားဟောင်းကြီးတွေအပြင် တစ်ချိန်က ပရီးမီးယားလိဂ်မှာကျင်လည်ခဲ့တဲ့ ကစားသမားကြီးတွေလည်းပါဝင်ကစားခဲ့ပြီး မိုက်ကယ်ကာရစ်ရဲ့နှုတ်ဆက်ပွဲကို ခမ်းနားစေခဲ့ပါတယ်။ ပွဲစဉ်ကတော့ တစ်ဖက် ၂ ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားအီဗရာကတော့ ” အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အသင်းရဲ့အ၀တ်လဲခန်းကိုပြန်လာရတာ၊ အသင်းရဲ့အကြီးအကဲတွနဲ့ တွေ့ရတာ၊ ပရိတ်သတ်တွေနဲ့ပြန်လည်ဆုံတွေ့ရတဲ့ ခံစားချက်က တကယ့်ကိုအံ့အားသင့်ဖွယ်ပါပဲ” ဟု ရင်ဖွင့်သွားခဲ့ပါတယ်။

မိုက်ကယ်ကာရစ်နှုတ်ဆက်ပွဲက ပုံရိပ်တွေကို ရွှေအင်းလေး ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ရပါတယ်။ 

 

လင်းထက်မော် (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*