ဓာတ်ပုံတစ်ပုံကြောင့် ကိုယ်ဝန်ရှိနေပြီလို့ ကောလဟလထွက်ခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်

နိုဝင်ဘာ ၂၃ရက်၊ မနေ့ကဆိုရင် အဆိုတော် မိုင်လေဆိုင်းရပ်စ်ရဲ့ အသက် ၂၅ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒါ့အပြင် Thanksgiving day လည်းဖြစ်တာကြောင့် သူမအတွက် ဆင်နွှဲစရာ ပွဲနှစ်ပွဲဆက်ခဲ့ပါတယ်။ ဒါပေမဲ့ သူမတင်ခဲ့တဲ့ မွေးနေ့အကြိုဓာတ်ပုံတစ်ပုံက ကိုယ်ဝန်ရှိနေပုံပေါက်နေတာကြောင့် ပရိသတ်တွေက မိုင်လေဆိုင်းရပ်စ် ပွဲသုံးပွဲဆက်နွှဲရပြီလို့ ကောလဟလတွေထွက်ရှိခဲ့ပါတယ်။

မွေးနေ့အကြို နိုဝင်ဘာ ၂၂ရက်ကတင်ခဲ့တဲ့ဓာတ်ပုံဟာ သူမနာမည် MILEY စာလုံးနှင့် အလှဆင်ထားတဲ့အရှေ့မှာ ဗိုက်ဆူနေတဲ့ပုံစံမျိုး ရပ်ပြနေတာဖြစ်ပါတယ်။ တီရှပ်ခပ်ပွပွကို ဝတ်ဆင်ထားတဲ့အပြင် အနောက်ကမှန်မှာ ဓာတ်ပုံရိုက်ပေးနေတဲ့ သူမချစ်သူ Liam Hemsworth ကိုလည်းတွေ့မြင်ရတာကြောင့် ပရိသတ်တွေက ကိုယ်ဝန်ရှိနေပြီလို့ ထင်ကြေးပေးခဲ့ကြပါတယ်။

 

 

မိုင်လေဆိုင်းရပ်စ်က ပျံ့နှံ့နေတဲ့ကောလဟလကို မဟုတ်ကြောင်းငြင်းဆိုခဲ့ပါတယ်။ “ကိုယ်ဝန်မဟုတ်ပါဘူး။ Tofurkey (ကြက်ဆင်သားနှင့်တူအောင် ပြုလုပ်ထားသော သက်သက်လွတ်စားစရာ) အများကြီးစားထားလို့ပါ” အဓိပ္ပာယ်ရတဲ့စာသားကို သူမဓာတ်ပုံပေါ်မှာရေးပြီး တွစ်တာမှာတင်ပြီး ငြင်းဆိုခဲ့ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*