Latest post

Miss A အဖွဲ့ မရှိတော့ပြီ ! ! !

ပရိတ်သတ်တွေအတွက် ထပ်ပြီး ဝမ်းနည်းစရာကောင်းတဲ့ သတင်းပါပဲ ။ ဒီဇင်ဘာလက k pop ပရိတ်သတ်တွေအတွက် ကံဆိုးခြင်းတွေ ပေးတဲ့ လတစ်လများလား …။

ယခုလည်း မိန်းမချော ၄ယောက်နဲ့ ဖွဲ့စည်းထားပြီး ပရိတ်သတ် အခိုင်အမာရရှိထားတဲ့ Miss A အဖွဲ့ဟာ အခုဆို ပျက်ဆဲသွားပါပြီ ။ ဒါကို JYP Entertainment မှ တရားဝင် ထုတ်ပြန်လိုက်တာပါ ။

Related image

အဖွဲ့ထဲမှ Jia နှင့် Min ဟာ JYP နှင့် လက်တွဲဖြုတ်လိုက်တာ ကြာပါပြီ ။ ဒီတစ်ခါတော့ Entertainment ဘက်ကနေ Miss A အဖွဲ့ မရှိတော့ကြောင်း ၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ် ။ ၂၀၁၀ မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၇ နှစ်အကြာမှာ ပျက်စီးသွားတာပဲ ဖြစ်ပါတယ် ။

Miss A အဖွဲ့ရဲ့ လူကြိုက်များခဲ့တဲ သီချင်းတွေကတော့ Bad Girl Good Girl ၊ Breathe ၊Goodbye Baby ၊ Hush စတဲ့ သီချင်းတွေပဲဖြစ်ပါတယ် ။

Related image

Related image

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*