ရည်းစားရပြီးနောက် မိခင်ကို လုံးဝဂရုမစိုက်တော့တဲ့သားတွေကို မိခင်ဖြစ်သူတရားစွဲ

ချစ်သူရပြီးတဲ့နောက်မှာ မိခင်ဖြစ်သူအား လုံးဝဂရုမစိုက်တော့တဲ့ သွားဆရာဝန် သားဖြစ်သူကို ထိုင်ဝမ် တရားရုံးတော်ကနေ ဒဏ်ကြေးငွေ  ထိုင်ဝမ်ဒေါ်လာ ၂၂. ၃၃ သန်းပေးဆောင်ဖို့ အမိန့်ချမှတ် လိုက်ပါ တယ်။ ဒါဟာ မိခင်ဖြစ်သူက သားဖြစ်သူ အားကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့ အချိန်တွေနဲ့ ပညာတတ် ဖြစ်အောင် ပျိုးထောင်ပေးခဲ့ရတာတွေအတွက် ပြန်လည်ထောက်ပံ့ပေးရမယ့် ငွေကြေးပမာဏဖြစ် တယ်လို့ တရားရုံးတော်က ဆိုပါတယ်။

ပြည်နယ်သတင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ လို လို့အမည်ရတဲ့ မိခင်အမျိုးသမီးဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းအချိန် ခင်ပွန်းဖြစ် သူနဲ့ ကွာရှင်းခဲ့ပြီးချိန်မှစတင်ပြီးတော့ သားဖြစ်သူကို မိခင်လုပ် အားခတစ်ဦးတည်းနဲ့ပဲ ကျွေးမွေးစောင့်ရှောက်လာခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူ ပညာတတ်ဖြစ် အောင်နဲ့ ဆရာဝန်ဖြစ်အောင် ပံ့ပိုးထောက်ပံ့မှုများစွာနဲ့ပြုစုပျိုးထောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း သားဖြစ်သူမှာ အရွယ်ရောက်ချိန် အသက် ၂၀ နှစ်အရွယ်မှာတော့ သမီးရည်းစား ချစ်သူမိန်းကလေး ထားတတ်လာ ခဲ့ချိန်မှာတော့ မိခင်နဲ့ ရင်းနှီးမှု၊ ဆက်ဆံရေးတွေ မရှိတော့ဘူးလို့ သိရပါတယ်။ အသက် ၆၀ နှစ်အရွယ် မိခင်ဖြစ်သူမှာ သားသမီးတွေ အရွယ်ရောက် အတောင်စုံကြလို့ ကြင်ဖော်ရှာကြတဲ့အခါ တစ်ကိုယ်တည်းပဲ ကျန်ရစ်ခဲ့တော့လို့ အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ့အတွက်ကြောင့် သူမဟာ သူမရဲ့ပြုစုပျိုးထောင်ပေးခဲ့တဲ့ အချိန်တွေနဲ့ လုပ်အားတွေအတွက် သားဖြစ် သူတွေဆီကနေ ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ရှောက်မှုတွေ လိုလားမျှော်လင့်နေပေမယ့်လည်း သား တွေက ကြင်ဖော် မိန်းကလေးတွေနဲ့ပဲ အချိန်ကုန်လင့်ဖြတ် သန်းနေခဲ့တာပါ။ သားဖြစ်သူနှစ်ဦးစလုံးဟာ ချစ်သူမိန်းကလေး ရှာချိန်ကစလို့ အချိန်ရှစ်နှစ်ကြာ မိခင်ကို လုံးဝဂရုမစိုက်တော့ပဲ ပစ်ထားခဲ့လို့ မိခင် မှာ ဝမ်းနည်းကြေကွဲမှုတွေ ခံစားခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း သားဖြစ်သူတွေနဲ့ပတ်သက်ပြီးတော့ သူမအတွက် တရားနည်းလမ်းကျကျ တူညီတဲ့တုန်ပြန်တုန့်ပြန်မှုတွေရဖို့ တရားရုံးတော်သို့ တိုင်ကြား လာခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*