အတွင်းသားတွေ အထင်းသားမြင်တွေရတဲ့ Bella Hadid ရဲ့ အထူးခြားဆုံးဖက်ရှင် ၃ စုံ

ဆယ်လီတွေနဲ့ အဝတ်မဲ့ဗလာပုံတွေကတော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ ခန္ဓာကိုယ်ကောက်ကြောင်း မြင်သာဖို့ လူအများကြား အာရုံစိုက်မှုနဲ့ ပေါ်ပြူလာဖြစ်ဖို့အတွက် အထူးအဆန်းလုပ်ပြီးတော့ အတွင်းသားတွေ လှစ်ဟပြကြတာလည်း ကမ္ဘာကျော် ဆယ်လီတွေ အတွက် အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ လှပပြီး ကြော့ရှင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေပြဖို့ အမိုက်စား ဖက်ရှင်းဒီဇိုင်းနဲ့ အတွင်းထဲထိ မြင်သာနိုင်မယ့် ဖက်ရှင်တွေကို ဝတ်ဆင်ပြီး အပြင်ထွက်လာကြတာကလည်း တကယ့်ကို ကြည့်ကောင်းပြီး စိတ်ဝင်စား ဖို့ကောင်းပါတယ်။

ဗစ်တိုးရီးယား စီးခရက်စ်မှာ နာမည်ကျော်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဘယ်လာဟာ သူမရဲ့ လှပကြော့ရှင်း ပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ စတိုင်လ်ကို ကြိုက်နှစ်သက်အားပေးကြသူတွေက အရူးအမူးပါပဲ။ သူမဟာ အပြင် ကိုထွက်လာတိုင်းမှာ တကယ့်ကို အမိုက်စားနဲ့ ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်တွေ၊ ကိုယ်နေဟန်အပြင်အဆင်တွေ ကို အသေးစိတ်ပြင်ဆင်ပြီး ထွက်လာလေ့ရှိပါတယ်။

နယူးယောက်ဖက်ရှင်ရှိုးမှာ အားပေးမှုပရိတ်သတ်တွေအများအပြားရရှိခဲ့တဲ့ ဘယ်လာဟာ့ဒစ်ဟာ သူမရဲ့ အပြင် သို့ထွက်ခဲ့တဲ့ အဝတ်အစားဖက်ရှင်တွေထဲက အမိုက်ဆုံးနဲ့ ခန္ဓာကိုယ်အတိုင်းသား ဗလာကျင်းဖြစ်နေတဲ့ ဝတ်စုံ သုံးစုံဟာလည်း လူအများကြား ပေါ်ပြူလာဖြစ်စေခဲ့ပါတယ်။ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းဖက်ရှင် တွေဖြစ်တဲ့ ဒီဝတ်စုံတွေကို ဝတ်ဆင်ခဲ့တာ သူမကို ကြည့်လိုက်ရင် တကယ့်ကို အံ့အားသင့်စရာကောင်းပြီး အတွင်းသားတွေကို အတိုင်းသားမြင်ရပြီး ခါတိုင်းထက်ကို ပိုပြီး ထူးခြားနေတဲ့ ပုံစံဖြစ်နေတာကို မြင်ရပါတယ်။

ပါးလွှာပြီးတော့ အတွင်းသားက အပေါ်ပိုင်းရင်သားတွေနဲ့ အောက်ပိုင်းတွေကို အထင်းသားမြင်တွေ့နေရတဲ့ ပုံရိပ်တွေနဲ့ လမ်း ထွက်လာ တဲ့ သူမက တကယ့်ကို ယုံကြည်မှုအပြည့်ပါပဲ။ လိုက်ဖက်တဲ့ ဖက်ရှင်ကို ရွေးချယ် ထားပြီးတော့ ဒီဝတ်စုံနဲ့ ဖက်ရှင်တွေကတော့ ဘယ်လာအတွက်တော့ တကယ့်ကို ပေါ်ပြူလာဖြစ်တဲ့ ဖက်ရှင် ဒီဇိုင်းပုံရိပ်တွေပဲ ဖြစ်မှာပါ။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*