Moto X4 ဗားရှင်းသစ်ကို Motorola ကြေညာ

Motorola ဟာ Moto X4 ရဲ့ဗားရှင်းသစ်ကို ပွဲထုတ်ကြေညာလာခဲ့ပြီး သူ့မှာ RAM6GB ပါဝင်တဲ့အပြင် နောက်ဆုံး Google OS ဖြစ်တဲ့ Android 8.0 Oreo အသုံးပြုလာပါတယ်။

Motorola Moto X4 မှာ Android Oreo အသုံးပြုထားတာနဲ့အညီ အသုံးပြုနိုင်မယ့် စနစ်သစ်တွေ ပါဝင်လာပါမယ်။ Smart Text Selection ၊ Split-Screen App တို့အပြင် ဘက်ထရီ ပိုပြီးတော့ အသုံးခံလာပါမယ်။ အခုကြေညာလာတဲ့ Moto X4 မှာ RAM6GB နှင့် Oreo သုံးထားတာကလွဲရင် ကျန်တဲ့အချက်တွေက အော်ရီဂျင်နယ်ဗားရှင်းနှင့်အတူတူ ဖြစ်ပါတယ်။

Moto X4 က မျက်နှာပြင် ၅.၂ လက်မဖြစ်ပြီး 1080×1920 p ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ Corning Gorilla Glass 3 မှန်သုံးထားပြီး lP68 ရရှိထားတာကြောင့် ရေစိမ်ခံနိုင်ပါတယ်။ Snapdragon 630 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပြီး 12MP+8MP ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပြီး 15W ဖြင့် အလျှင်အမြန် အားသွင်းနိုင်ပါမယ်။ လက်ရှိအချိန်မှာ အသစ် ကြေညာလာတဲ့ Moto X4 ဗားရှင်းသစ်ကို အိန္ဒိယဈေးကွက်မှာ စတင် ရောင်းချသွားပါမယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ ဈေးနှုန်းက ဒေါ်လာ ၃၉၃ သတ်မှတ်ထားပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*